Monday 21 December 2015

စစ်ကိုင်းတိုင်းမှာ ကျောက်စိမ်း တူးဖော်မှု အရှိန်အဟုန်မြင့်မား

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မော်လူးဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
စစ်ကိုင်းတိုင်း ကသာခရိုင်မော်လူးဒေသမှာ သက်ဆိုင်ရာက ကျောက်စိမ်းတူးဖော်ခွင့် တရားဝင်လုပ်ကွက် ၄၇ ကွက် သတ်မှတ်ပေးထားတဲ့အပြင် တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ် နေ့တိုင်း ကျောက် မိုင်းတွေခွဲပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနက မဟာကြယ်ကျောက်မျက်ကုမ္ပဏီ၊ ကံပွင့်ဦး၊ မြင့်ထက်ဇော်ကုမ္ပဏီ၊ ဝူဘရားသားကုမ္ပဏီ၊ Forever Super Jade ကုမ္ပဏီ ၊ မန်းရတနာထွန်းကုမ္ပဏီ၊ ဓူဝံကြယ် ကုမ္ပဏီ၊ ဇဗ္ဘူသီရိ ကုမ္ပဏီတွေကို လုပ်ကိုင် ခွင့်ပေးထားတာ ဖြစ်တယ်လို့ အဲ့ဒီိ ကျောက်စိမ်းတွင်းဒေသကို ရောက်ရှိခဲ့တဲ့ ကာတွန်းဆရာ ဟာဂျူလီ (ကသာ) က ပြောပါတယ်။

မကြာသေးခင်က တရားဝင်လုပ်ကိုင်တူးဖော်ခွင့်မရှိတဲ့ ကုမ္ပဏီတစ်ခုကို သစ်တောအက်ဥပဒေ ပုဒ်မ ၄၀ဝ(ဂ) နဲ့ သစ်တောမြေထဲ တူးဆွမှုနဲ့ အရေးယူတဲ့အခါ ဒဏ်ငွေ ကျပ် ၅ဝဝဝ ချမှတ်ခဲ့ပါတယ်။ အဲ့ဒီ ကုမ္ပဏီက ဒဏ်ငွေ ကိုပေးဆောင်ပြီး အခုအခါ ဆက်လက်တူးဖော်နေတယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကစပြီး အဲ့ဒီဒေသမှာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင် လာကြတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ မြေသားထဲကို ပေတစ်ရာ နှစ်ရာ နက်အောင်တူးနေကြပြီး မြေစာပုံတွေကလည်း ပေ ရာနဲ့ချီမြင့်တက် လာတယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment