Monday 21 December 2015

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာမည့် ဂွာဒီယိုလာ၏နေရာတွင် အန်ဆလော့တီဖြင့်အစားထိုးမည်

ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး အန်ဆလော့တီက အစားထိုးတာဝန်ယူသွားမည် ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွာဒီယိုလာကို မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများက ချိတ်ဆက်လျှက်ရှိသည်။ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ် သို့ရောက်လာခဲ့ပြီး အမှတ်ပေးဖလားနှစ်လုံးနှင့် ပိုကယ်ဖလားတစ်လုံး ရယူပေးထားသည်။

အသက် ၅၆ နှစ်အရွယ်ရှိ ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီသည် ၂၀၁၅ မေတွင် ရီးယဲလ်မက်ဒရစ်မှ ထုတ်ပယ်ခံရပြီးနောက် အနား ယူနေသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ဦးဆောင်နေပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် တွင် ဂျူဗင်တပ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

"၂၀၁၃ ကတည်းက အသင်းအတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက် ပက်ဂွာဒီယိုလာကို ကျွန်တော်တို့ ကျေးဇူးတင်နေမှာပါ။ ရာသီကုန် မှာထွက်ခွာတော့မှာဖြစ်ပေမယ့် ပက်နဲ့ ကျွန်တော်တို့ အသင်းဟာ ရည်မှန်းချက်တွေအတွက် ပိုပြီးတောင်စုစည်းမှုရှိရှိနဲ့ အလုပ်လုပ်နိုင်မယ်လို့ ယုံကြည့်မှုအပြည့်ရှိပါတယ်"ဟု ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီက ပြောသည်။

အန်ဆလော့တီသည် ချန်ပီယံလိဂ်ဖလားကို အေစီမီလန်နှင့်နှစ်ကြိမ်၊ ရီးယဲလ်မက်ဒရစ်နှင့် တစ်ကြိမ်ရထားသူဖြစ်ပြီး ၂၀၁၀ တွင် ချယ်လ်ဆီး အသင်းနှင့် ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား ရထားသူဖြစ်သည်။

မကြာသေးခင်ကမှ ပရီးမီးယားလိဂ်သို့ပြန်လာမည်ဟု သတင်းထွက်ခဲ့သေးသော်လည်း ဘိုင်ယန်မြူးနစ်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Ref; BBC

No comments:

Post a Comment