Saturday 3 October 2015

တပ်မတော်သား ရှစ်ထောင်ခန့်အား တစ်ဆင့်မြင့်ရာထူးများ ပထမဆုံး တိုးမြှင့်

နိုင်ငံတစ်ဝန်းရှိ တပ်မ တော်သား၇,၇၀၀ ကျော်အားတစ် ဆင့်မြင့်ရာထူးများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှတစ် ဆင့် အသီးသီးတိုးမြှင့်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁ရက်မှစ တင်၍ ယင်းသို့ ရာထူးတိုးမြှင့်ပေး ခဲ့ခြင်းဖြစ်ပြီး အရာရှိတစ်ရာကျော် နှင့် အခြားအဆင့် ၇,၆၀၀ ကျော် တို့ကို တိုးမြှင့်ခြင်းဖြစ်သည်။ တပ် သားအဆင့်အား ဒုတိယတပ်ကြပ် အဆင့်၊ ဒုတိယတပ်ကြပ်အဆင့် အား တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်အား တပ်ကြပ်ကြီးအဆင့် နှင့် ဗိုလ်ကြီးအဆင့်အား ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်သို့ အသီးသီး တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။တပ်မတော်တွင် နှစ်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ ကြသည့် ပြစ်မှုကင်းရှင်းသော တပ်မတော်(ကြည်း၊ရေ၊ လေ) မှ လုပ်သက်ရင့် အရာရှိ၊ စစ်သည် များအား ဂုဏ်ပြု၍ ရာထူးတိုးမြှင့် ခဲ့ခြင်းဖြစ်သည်။
တပ်မတော်အတွင်းရှိ အ ခြားအဆင့်များအားအရေအတွက် ထောင်ချီ၍ တစ်ပြိုင်နက်ရာထူး တိုးမြှင့်ပေးခြင်း ကိစ္စရပ်သည် ယခင်ကမရှိခဲ့ဖူးဘဲ ထိုကဲ့သို့ တိုး မြှင့်ပေးခြင်းအားဖြင့် အောက်ခြေ ရှိ ရဲဘော်များ၏ စိတ်ပိုင်းဆိုင်ရာ ကိုမြှင့်တင်ပေးရာရောက်ကြောင်း နှင့် ယခင်က ရာထူးမတိုးဘဲအနား ယူသွားရသည့် အခြားအဆင့် တပ်မတော်သားများရှိကြောင်း တပ်မတော်အငြိမ်းစား အရာရှိ ကြီးတစ်ဦးကပြောသည်။
အောက်တိုဘာ ၁ ရက်တွင် ရာထူးများ တိုးမြှင့်ပေးသည့်နည်း တူ တပ်မတော်(ကြည်း၊ရေ၊လေ) ၀တ်စုံများကိုလည်း ကြိုတင်သတ် မှတ်ထားသည့်အတိုင်း ပြောင်းလဲ ၀တ်ဆင်နေပြီဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော်အရာရှိ တစ်ဦးကပြောသည်။
7Day Daily

No comments:

Post a Comment