Thursday 23 July 2015

မွေးရေကျေးလက်ဝန်ကြီးဌာနသို့ အကြွေး ဆပ်ရမည့်စာရင်းတွင် ၀န်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏သားပါဝင်

မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနသို့ အကြွေးမပေး နိုင်သဖြင့် တရားစွဲဆိုခံရသူ ၁ဝ ဦးတွင် ၀န်ကြီးဟောင်းဦးမောင် မောင်သိမ်း၏သားဖြစ်သူ ပါဝင်နေပြီး ပေးဆပ်ရန်ကျပ်ငွေ ၁၁ ဘီလီယံကျော် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အစီရင်ခံစာကို ဆွေး နွေးရာတွင် ယင်းဝန်ကြီးဌာနသည် နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ နေသည့်ငွေမှာ ကျပ်၃၁,၇၉၃ သန်းဖြစ်၍ နိုင်ငံတော်သို့ အများ ဆုံးပေးသွင်းရန်ကျန်ရှိသည့် ၀န် ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဇူလိုင် ၂၂ ရက်ကဖော်ပြထားသည်။

ဝန်ကြီးဌာနသို့ ပေးသွင်းရန် ကြွေးကျန်များအနက် ၀န်ကြီး ဟောင်းဦးမောင်မောင်သိမ်း ၀န် ကြီးဖြစ်ချိန်တွင် ၎င်း၏သား ဦး မင်းသိမ်းကချေးယူခဲ့ပြီး ပေးဆပ် ရန်ကြွေးကျန် အားလုံး၏ထက် ၀က်ခန့်ရှိနေသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာနသည် ဘဏ္ဍာရေးစည်း မျဉ်းများနှင့်ညီညွတ်မှုမရှိသည့် ငွေကြေးသုံးစွဲမှုများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၆ ရက် တွင် ပြောကြားခဲ့သည်။
အဆိုပါအကြွေးများသည်ယ ခင်တပ်မတော်အစိုးရလက်ထက် ဦးမောင်မောင်သိမ်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး တာဝန်ယူစဉ်က ချေးထားသည့် ငွေကြေးများဖြစ်သည်။
ယင်းဝန်ကြီးဌာနသို့အကြွေး ပေးဆပ်ရန်ပျက်ကွက်သည့် လုပ် ငန်းရှင် ၁၀ ဦးကို ထောင်ဒဏ်တစ် သက်တစ်ကျွန်းပြစ်ဒဏ်ပေးနိုင် သည့် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေးဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုထားရာ ကြွေးကျန်အများဆုံး ၁၀ ဦးစာရင်းကို ၀န်ကြီးဌာနကဇူလိုင် ၂၂ ရက်တွင် ဖော်ပြထားသည်။
ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်တောင်းခံရာတွင် လာ မည့်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ် ကိုနှိုင်းယှဉ်ကြည့်လျှင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တောင်း ခံမှုမှာ ယခင်နှစ်များထက် များ ပြားနေပြီး အချို့ကိစ္စများမှာယုတ္တိ မရှိသည့် တောင်းခံမှုမျိုးဖြစ်နေ ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယခုနှစ်မတ်လအတွင်း ရေးသား ခဲ့သည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနသည် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၃၁ ရက်တွင် စာရင်းရှင်း လင်းခဲ့ချိန်၌ ငွေကျပ် ၃၁ ဒသမ ၆၄ ဘီလီယံကြွေးကျန်ရှိပြီး ယင်း ကြွေးကျန်များကို ပြန်လည်ရရှိရန် တောင်းဆိုသော်လည်း မရခဲ့သ ဖြင့် ၂၀၁၃ ဧပြီ ၆ ရက်တွင် လုပ် ငန်းရှင်များကို တရားမမှုဖြင့် တ ရားစွဲဆိုရာ ကျပ် ၁၇၁ ဒသမ၅၆၈ သန်းသာပေးအပ်ခဲ့ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
7 day

No comments:

Post a Comment