Thursday 23 July 2015

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်း ခွင့်ပြုမည်

ရန်ကုန်မြို့ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ထုတ်ပြန်ထာားသည်။အဆိုပါတံတားကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၀၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ယာဉ်သွားလမ်းအကျယ် ၁၁ ဒသမ ၅ မီတာ၊ လူသွားလမ်းနှစ်ဖက်ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ရေလမ်း ကင်းလွတ်တံတားအမြင့် ၁၆ ပေ ၅ လက်မ၊ တံတားခံနိုင်ဝန် ခွင့်ပြုတန် ၇၅ တန်ရှိပြီး အသွား/အပြန် နှစ်လမ်းသွားဖြစ်သည့် အဆိုပါ တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေသည်  ကျပ် ၆ဒသမ ၁၅၃ ဘီလျံရှိသည်။

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား) မှ တာဝန်ယူတည်ဆောက်သည့် ဒုတိယမြောက်တံတားဖြစ်ပြီး ပထမတည်ဆောက်ပြီးသည့် တံတားသည် ငမိုးရိပ်တံတား (ပါရမီ)ဖြစ်သည်။
ယင်းတံတားနှင့်ကပ်လျက် တံတားဟောင်းကို ယခင်က သံလျင်၊ခရမ်း၊ သုံးခွဘက်သို့ သွားမည့် ယာဉ်အားများ ဖြတ်သန်းခွင့်ပြု ခဲ့ပြီး တံတားကြံ့ခိုင်ရေးအားနည်းလာသည့်အတွက် စက်ဘီး၊ဆိုက်ကား၊ အနှေးယာဉ်များနှင့် လူများကိုသာ ဖြတ်သန်းခွင့်ပြု ခဲ့ကြောင်း သိရသည်။
ယခုတံတားသစ်ဖွင့်လှစ်လိုက်ပါက ယင်းမြို့နယ်သို့ သွားမည့် မော်တော်ယာဉ်များအနေဖြင့် သုဝဏ္ဏလမ်းဆုံ မီးပွိုင့်အားဖြတ်ရန် မလိုတော့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှု သက်သာသွားပြီး ခရီးပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ခရီးသည်များနှင့်မော်တော် ယာဉ်လုပ်သားများက ပြောသည်။

No comments:

Post a Comment