Tuesday 14 July 2015

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ရွေးကောက်ပွဲ နီးလျှင်လည်း ထူးလုပ်မည် မဟုတ်ဟု ဦးအုန်းမြင့်ဆို

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရွေးကောက်ပွဲ နီးလာ၍ ထူးခြား၍ လုပ်ဆောင်မည် မဟုတ်ဘဲ ယခင် မဟာဗျူဟာ အတိုင်းသာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။
““အခု ဆက်လက် ဆောင်ရွက် နေတယ်ပေါ့။ ဒီအတိုင်း ပုံမှန် မဟာဗျူဟာအရပဲ၊ သီးခြား လုပ်တာမရှိဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့လည်း မဆိုင်ဘူးဗျ”” ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောသည်။
ရွေးကောက်ပွဲ ပြီးဆုံးပါကလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကာ နောက်ထပ် အစိုးရ အနေဖြင့်လည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နီးလာ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ထူးခြားစွာ လုပ်မည် မဟုတ်ဘဲ၊ ယခုလည်း မိမိသည် ကွင်းဆင်း ခရီးသွား၍ လုပ်ဆောင်နေကြောင်း၊ နောက်လာမည် အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မလုပ်ဆောင်ပါက ပြုတ်သွားမည် ဖြစ်ကြောင်း ဦးအုန်းမြင့်က ဆိုသည်။
တစ်ဦးချင်း ၀င်ငွေ တိုးတက်မှုနည်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးမှု နိမ့်ကျနေသော မြန်မာနိုင်ငံသည် ကဗ္ဘာပေါ်တွင် လေးနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အမြင့်မားဆုံး နိုင်ငံများ စာရင်း၌ အဆင့်လေးတွင် ရပ်တည်နေကြောင်း ကဗ္ဘာ့ဘဏ်၏ ကဗ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၂၀၁၄မှ ၂၀၁၇ အထိ မြန်မာနိုင်ငံ၏ ခန့်မှန်းဂျီဒီပီ တိုးတက်မှုနှုန်းမှာ (၈ ဒသမ ၃) ရာခိုင်နှုန်း ဖြစ်သည်။
““အခုရွေးကောက်ပွဲ နီးလာတော့ ကျွန်တော်တို့ ဒေသ ရေတွေ ပိုက်နဲ့ ရလာတယ်။ မီးလည်း (၂၄) နာရီ ရတယ်။ ဒါတွေလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာတော့ တိုးတက်လာတယ်။ ဒါပေမဲ့ မီး၊ ရေ မရသေးတဲ့ ဒေသတွေ အများကြီး ရှိနေတယ်”” ဟု ဒုတိယ အဆင်းရဲဆုံး ရခိုင်ပြည်နယ်မှ ဒေသခံ ဦးကလေးကြီးက The Messenger Media သို့ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှစတင်၍ မြစိမ်းရောင် ကျေးရွာ စီမံကန်းကို နေပြည်တော် အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုတို့တွင် ခရိုင်(၇၀)၊ မြို့နယ်၊ ကျေးရွာပေါင်း (၁၄၅၀) တို့တွင် ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင်လည်း ကျေးရွာပေါင်း (၃၀၀၀) ကျော် ဆောင်ရွက်လျက် ရှိသည်။
သို့သော်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသည် တိုးတက်မှု မရှိကြောင်း ဝေဖန်သူများ ရှိနေသည်။

No comments:

Post a Comment