Thursday 11 June 2015

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက အသုံးအဆောင်ပစ္စည်များဖြင့် အလဲအလှယ်လုပ်ကာ ဆင်းရဲသည့် အမျိုးသမီးများထံမှ သွေးသားကာမဆန္ဒကို ရယူ

ကမ္ဘာကို ကူညီပေးရေးဆိုကာ ဖွဲ့စည်းထားသည့် ကုလသမဂ္ဂမှ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက ၎င်းတို့ လုပ်ငန်းများ ဆောင်ရွက်ရာ နိုင်ငံများတွင် အသုံးဆောင်ပစ္စည်များဖြင့် အလဲအလှယ်ပြုလျက် ဆင်းရဲသော အမျိုးသမီးများထံမှ လိင်ဆန္ဒသွေးသား ဖြေဖျော်မှုကို ခံစားရယူ ပျော်ပါးနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာကြမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ ဌာနေတွင်း စောင့်ကြည့်ရေးဌာန (OIOS) က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဟေတီနှင့် လစ်ဘေးရီးယားနိုင်ငံတို့မှ ရာနှင့်ချီသော အမျိုးသမီးများမှာ အစားအစာနှင့် ဆင်းရဲမှု အကျပ်အတည်းတို့ကြောင့် သွေးသားကာမကို ငွေကြေးပစ္စည်း အသုံးအဆောင်များဖြင့် ငြိမ်းချမ်းရေး ထိန်းရေးသမားထံတွင် လဲလှယ်ရောင်းချခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

ထိုသို့သော အမျိုးသမီးများကို ငွေကြေး၊ လက်ဝတ်လက်စား၊ မိုဘိုင်းဖုန်းနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများ ပေးခြင်းဖြင့် သွေးသားဆန္ဒရယူ ပျော်ပါးနေခြင်း ဖြစ်သည်။

၂၀၀၈ မှ ၂၀၁၃ ခုနှစ်အတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမား၏ ထိုသို့ လိင်ကိစ္စ မဖွယ်မရာပြုမှုများမှာ ၄၈၀ မှု ရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့ လိင်မဖွယ်မရာ ပြုလုပ်မှုများ၏ သုံးပုံတစ်ပုံသည် ကလေးငယ်များအပေါ်တွင် ကျုးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဟေတီနှင့် လစ်ဘေးရီးယားမှ အမျိုးသမီး ရာပေါင်းများစွာက ငတ်မွတ်မှု၊ ဆင်းရဲမှု၊ ဘဝနေထိုင်မှု မြင့်မားရေးတို့အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများထံ သွေးသားကာမကို ရောင်းချခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းဌာနအရ သိရသည်။

REF : BBC

No comments:

Post a Comment