Sunday 10 May 2015

ဆေး(၁) တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်စာသင်တန်း လျှောက်ထားခွင့်ရရန် ညလုံးပေါက် လာရောက်စောင့်ဆိုင်းမှုများ ဖြစ်ပေါ်

ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် SEAMEO ကဖွင့်လှစ်မည့် Communication in English Course ဒီပလိုမာသင်တန်းတက် ရောက်ခွင့်ရရန် မေလ ၈ ရက် ညနေက လူဦးရေ ၅၀၀ ကျော်ညလုံးပေါက်လာရောက် စောင့် ဆိုင်းခဲ့ကြသော်လည်း သင်တန်း တက်ရောက်မည့်သူများပြားလွန်းသည့်အတွက် သင်တန်းရက်ကိုရွှေ့ဆိုင်းခဲ့သည်။
SEAMEO Regional Centrefor History and Tradition (SEAMEO CHAT) သည် ယခင် ရန်ကုန်တက္ကသိုလ် သီရိဆောင် တွင် သင်ကြားပေးရာမှ ၂၀၁၄ ၌ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ၀င်းအတွင်းရှိ ငါးထပ်အ ဆောက်အအုံသို့ ပထမဆုံးပြောင်းရွှေ့သင်ကြားခဲ့ခြင်းဖြစ်သည်။
လာရောက်လျှောက်ထားသူ မှာ ထင်ထားသည်ထက်ပိုမိုများ ပြားခဲ့ကာ ကျောင်းသားမိဘများနှင့် ကျောင်းသားအချို့မှာ နံနက် ၃ နာရီကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။

ထိုသို့စောင့်နေစဉ်ကျောင်းဝင်းအတွင်းမှ ဆရာမတစ်ဦး ထွက်လာပြီး သင်တန်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သည်ဟု လှိုင်မြို့နယ်မှ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
‘‘အန်တီတို့ ညနေ ၆ နာရီ ကျော်လောက်ကတည်းက ရောက်နေတာ။ တစ်ညလုံးမအိပ်ရဘူး။ ဒီမှာ လာစောင့်နေတဲ့ သူတွေလည်း အများကြီး။ခေါ်မှာ သုံးရာပဲပြောတော့ ပိုပြီးတိုးကြတာပေါ့။ သူတို့ ဒီလိုလူများမယ်ဆို ဘယ်လိုလုပ်ရမလဲဆိုတာ တွေးသင့်တယ်။ ၀င်ခွင့်ဖြေခိုင်းပြီး ရွေးပေါ့။ အခုဟာက ဦးရာ လူစနစ်ဆိုတော့ မြန်မာပြည်လေ။ တိုးတဲ့ထဲမှာ ပွဲစားတောင် ပါသေးတယ်’’ဟု ၎င်းကဆိုသည်။
လူဦးရေ များပြားသော ကြောင့် ကမာရွတ်ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက လှည့်ကင်းစောင့်ကြပ်ပေးခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိ ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောသည်။
‘‘လူအရမ်းများတော့မလို လားအပ်တဲ့ ကိစ္စတွေဖြစ်မှာစိုးလို့ အရပ်ဝတ်တွေနဲ့ ပါကင်းလှည့် ပေးပါတယ်။ မနက် ၃ နာရီ လောက်အထိ လူမကွဲသေးဘူး။ စာ လာကပ်တာလည်း မယုံကြ ဘူး။ ဆရာမတစ်ယောက် ထွက်လာပြီး လော်နဲ့ အော်မှ ပြန်ကြတယ်။ မနက် ၆ နာရီကျော်တော့ ကျောင်းသား တစ်ရာလောက်လာ တာ တွေ့တယ်’’ဟု ၎င်းက ဆို သည်။
SEAMEO CHAT ၏ Com-munication in English Course ဒီပလိုမာ သင်တန်းမှာ သင်တန်းကာလတစ်နှစ်ခွဲကြာမြင့်၍ သင်တန်းပြီးဆုံးပါက နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ လက်မှတ်ရရှိမည်ဖြစ်သည်။
‘‘မနက်ရောက်တော့ ရုံးက လူတွေ ထွက်လာပြီးတော့ ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ထွက်ပြောသွား တယ်။ ညကတည်းက လူတန်းက အများကြီးပဲ တန်းစီနေကြတာ’’ ဟု သင်တန်းတက်ရောက်ခွင့်ပုံစံလာရောက်တန်းစီသည့် ကျောင်းသားတစ်ဦးကပြောသည်။
7 day

No comments:

Post a Comment