Monday 30 March 2015

တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တပ်မတော် နယ်မြေရှင်းလင်းရေး စစ်ကြောင်းမှ တာရွှေထန်အနီး နယ်မြေရှင်း လင်းရေး ဆောင်ရွက်စဉ် ခန့်မှန်းမြေပုံညွှန်း (အမ်ဂျီ-၇၃၀၂၇၅) နေရာတွင် အုတ်တံတိုင်းကာရံထားသော လူနေထိုင်ခြင်းမရှိသည့် ခြံဝင်းအတွင်း အလျား ၈၀ ပေ အနံ ၄၀ ပေခန့်ရှိသော နှစ်ထပ်အိမ် ၁ လုံးအား မသင်္ကာဖွယ် အနံ့အသက်များ ရရှိသဖြင့် အသေးစိတ်ရှင်းလင်းခဲ့ရာ မြေညီထပ် ထင်းသိုလှောင်ထားသော အခန်းအတွင်း ထင်းပုံအောက်ရှိ မြေအောက် ခန်းအတွင်း၌ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများ တွေ့ရှိရပြီး၊ WY စာတမ်းပါ
စိတ်ကြွရူးသွပ်ဆေးပြား ၆၆၅၅၁၂ ပြား (ကာလတန်ဖိုး ၉၉၈, ၂၆၈, ၀၀၀ ကျပ်ခန့်)၊ အဖက်ဒရင်းအမှုန့် ၁ ကီလိုခန့် (ကာလတန်ဖိုး ၂,၇၀၀,၀၀၀ ကျပ်ခန့်)၊ ဆိုဒီယမ်အက်စီတစ်အင် ဟိုက်ဒရိုက် အမှုန့် ၁ ဘူး၊ ၅၀၀ ဂရမ်ပါ ၆၀ ဘူး (ကာလတန်ဖိုး ၃,၀၀၀,၀၀၀ ကျပ်ခန့်)၊ ဒိုင်မီသိုင်းဆာလဖိတ် ၂၀၀ လီတာပါ တိုင်ကီ ၁၅ လုံး (ကာလတန်ဖိုး ၉၀,၀၀၀,၀၀၀ ကျပ်ခန့်)၊ ကတော့ပါ ဖန်ပေါင်းချောင် ၂ ခု၊ ကြွေကတော့ အကြီး ၂ခု၊ လေမှုတ် မော်တာ ၂ ခု၊ အမျိုးအစားမသိ ကျောက်စိမ်းဟု ယူဆရသော အရွယ်စုံ ကျောက်တုံး ၃၀ တုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအားလုံး၏ စုစုပေါင်းကာလတန်ဖိုးမှာ ၁,၀၉၃,၉၆၈,၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment