Monday 30 March 2015

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကျင်းပနေစဉ် ဘိုကိုဟာရမ်အဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ၏ ရာဇ၀င်တွင် အပြိုင်အဆိုင်အရှိ ဆုံး သမ္မတရွေး ကောက်ပွဲ ကျင်းပ နေစဉ် ဘိုကိုဟာရမ်အဖွဲ့မှ စစ် သွေးကြွများ၏ တိုက်ခိုက်မှုများ အတွင်း လူ ၄၁ ဦး သေဆုံးသွားပြီး နိုင်ငံအရှေ့မြောက် ပိုင်းရှိ မဲရုံ များမှ လူရာပေါင်းများစွာကို ထိတ် လန့်သွားစေခဲ့သည်။
အစ္စလာမ်မစ်အစွန်းရောက် များကို ၎င်းတို့၏ အဓိကအမာခံ နေရာအပါအ၀င် အဓိကဒေသ အားလုံးမှ ရှင်းလင်းထားပြီးဖြစ် သည်ဟု နိုင်ဂျီးရီးယား စစ်တပ်က မတ်လ ၂၇ ရက်တွင် ကြေညာခဲ့ သော်လည်း နိုင်ငံအရှေ့မြောက် ပိုင်း၌ ဘိုကိုဟာရမ်အဖွဲ့က လူနေအိမ်များကို မီးရှို့ပြီး ထွက်ပြေးသူများအား ပစ်သတ်ခဲ့ခြင်းဖြစ် သည်။

သမ္မတလောင်း ၁၄ ဦးအ နက် အနိုင်ရဖွယ်ရှိသူများမှာ နိုင်ငံတောင်ပိုင်းမှ ခရစ်ယာန်ဘာသာဝင် လက်ရှိသမ္မတ ဂွတ်လပ်ဂျိုနသန် (၅၇) နှစ်နှင့် မွတ်စလင် အ များစုနေထိုင်ရာ နိုင်ငံမြောက်ပိုင်းမှ စစ်အာဏာရှင်ဟောင်း မူဟမ်မာဒူဘူဟာရီ (၇၂)နှစ်တို့ ဖြစ် သည်။
ဂျိုနသန်၏ပါတီထက် လက် ရှိအခြေအနေတွင် အတိုက်အခံဘက်က အနည်းငယ်အသာရနေသည့် လွှတ်တော်အတွက် အမတ်နေရာ ၃၆၀ ရွေးကောက်တင် မြှောက်ရန် နိုင်ဂျီးရီးယားနိုင်ငံ သားများ မဲပေးနေကြသည်။
ဒေသ (၁၃) ခုအတွက် ဒေသ ဆိုင်ရာ ရွေးကောက်ပွဲများကို မဲ စာရွက်များ ပြတ်လပ်နေသဖြင့် ဧပြီလအထိ ရွှေ့ဆိုင်းထားလိုက် ကြောင်း ရွေးကောက်ပွဲ အရာရှိ များက ပြောသည်။
အချို့ ဒေသများတွင် မဲပေး သူများ၏ ကိုယ်ရေးအချက်အ လက်များအား စက်များက မှတ် သားထားနိုင်ခြင်း မရှိခဲ့သော ကြောင့် ရွေးကောက်ပွဲများကို မတ်လ ၂၉ ရက်အထိ ဆက်လက် ကျင်းပမည်ဟု အမှီအခိုကင်း သော အမျိုးသားရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ကာယိုဒီအိုင်ဒိုဝူက ပြောသည်။
ဘိုကိုဟာရမ်အဖွဲ့က ဘော် နိုပြည်နယ်ရှိ မီရင်ဂါမြို့ကို မတ် လ ၂၈ ရက် အရုဏ်မတက်မီ ၀င်ရောက်လာပြီး လူနေအိမ်များ ကို မီးရှို့ကာ ထွက်ပြေးသူများအား ပစ်သတ်ခဲ့သဖြင့် လူ ၂၅ ဦး သေ ဆုံးခဲ့သည်။
နောက်ထပ် လူ ၁၄ ဦးမှာ ဂွမ်ဘီပြည်နယ်ရှိ ဘီရီနှင့် ဒက်ကူ မြို့များသို့ ဘိုကိုဟာရမ်အဖွဲ့က ၀င်ရောက်တိုက်ခိုက်စဉ် သေဆုံး သွားကြောင်း ဒေသဆိုင်ရာ ရဲ တပ်ဖွဲ့က ပြောသည်။
သေဆုံးသူများတွင် ဂွမ်ဘီ ပြည်နယ် လွှတ်တော်အမတ် အူ မာရူအလီလည်း ပါဝင်သည်။
ယင်းမြို့များရှိ မဲရုံများကို ဘိုကိုဟာရမ်အဖွဲ့က တိုက်ခိုက်စဉ် မဲပေးသူနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေနတ်သမားများက ဒေ သခံများကို မဲမပေးကြရန် ခြိမ်း ခြောက်ခဲ့ကြ သည်။
Ref: AP
7Day News Journal

No comments:

Post a Comment