Sunday 30 March 2014

မောင်တောမြို့နယ်အတွင်း စိုက်ခင်းရေလောင်းရန် သွားသော ဒေသခံတစ်ဦး မတ် ၂၉ ရက် နေ့လယ်ပိုင်း၌ အသတ်ခံခဲ့ရ

မောင်တောမြို့မှ လေးမိုင်အကွာတွင်ရှိသော မကျည်းကုန်း တိုင်းရင်းသားကျေးရွာမှ သက်လူမျိုး တောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းစိန်မှာ မိမိစိုက်ခင်းထဲသို့ နွားကျောင်းရင်းဖြင့် စိုက်ခင်းရေလောင်းရန် သွားရောက်ခဲ့စဉ်အတွင်း နေ့လယ်ပိုင်းအချိန်၌ပင် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတ်ဖြတ်ခံရသူမှာ မကျည်းကုန်းကျေးရွာနေ ဦးထွန်းစိန်၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းဇံဖြစ်ပြီး ဖြစ်စဉ်မှာ ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၎င်း၏ တောင်ယာစိုက်ခင်းသို့ နွားကျောင်း၊
စိုက်ခင်း ရေလောင်းရင်း နွားကျောင်းသော အလုပ်ကို လုပ်ကိုင်ရန် နေအိမ်မှ နံနက်စာစားပြီးသည့် အချိန်မှ စတင်ကာ ထွက်ခွာသွားခဲ့ပြီး နေ့လယ် ထမင်းစားချိန် ပြန်မရောက်သည့်အတွက် သမီးဖြစ်သူနှစ်ဦးမှ ယာခင်းထဲသို့ သွားရောက်ရှာဖွေခဲ့ရာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် အခင်းဖြစ်စဉ်အား သက်ဆိုင်ရာမှ တာဝန်ရှိသူများ၊ မောင်တောမြို့မရဲစခန်းမှ ရဲအုပ် ကံလှနှင့် နယ်ထိန်းဒုရဲအုပ် တိုးတိုးတို့က သွားရောက်စစ်ဆေးခဲ့ရာ မေးစေ့အောက် လည်ပင်းတွင် အနက်သုံးလက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက် လည်ပင်းတွင် အနက်သုံးလက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ကျောညိုမည်းဒဏ်ရာ တစ်ချက်တို့ဖြင့် မှောက်လျက် သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။

ထို့နောက် လူသေအလောင်း၏ ခြေရင်းဘက် နှစ်ပေခန့်အကွာတွင် သွေးကွက် တစ်ကွက်၊ သွေးကွက်အနီးတွင် စိမ်းပြာရောင် ယောက်ျားဝတ် ရှပ်အင်္ကျီ လက်ရှည် တစ်ထည်၊
၎င်းအိတ်အတွင်းမှ ဗလီတက်စဉ် ဆောင်းလေ့ရှိသည့် ဦးထုပ်အဖြူရောင်တစ်လုံးနှင့် ပလတ်စတစ်အပြာရောင်ဖြင့် ရစ်ပတ်ချည်ထည့်ထားသော ဘင်္ဂလားဒေ့ရှ် ဒါကာငွေ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် နှစ်ရွက်၊ လူသေအလောင်း၏ အနောက်ဘက် ကိုးပေခန့်အကွာ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံလုပ် စီးကရက်အတို တစ်ခုတို့ကို ဆက်လက်တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းက(ပ)၅၆/
၂၀၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ သန်းခေါင်စာရင်းမကောက်မီ တစ်ရက်အလိုတွင် ယခုကဲ့သို့ အခင်းဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မကျည်းကုန်းရွာသည် သုံးမိုင်လုံထိန်း ရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်သာခြားသော နေရာတွင် ရှိနေသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်းလည်း သိရသည်။

Eleven

No comments:

Post a Comment