Wednesday 19 March 2014

မီဒီယာတွေ ဘက်မလိုက်ဖို့ လိုပါတယ်

မြန်မာနိုင်ငံမှာ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့မီဒီယာတွေက ဖော်ပြ နေမှုတွေဟာ ဘက်လိုက် မှုတွေ ရှိနေတယ်လို့ မန္တလေးတိုင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကမိန့်ကြား ပါတယ်။ ၂၀၀၈ ပြင်ဆင်ဖို့မှာကျန်တဲ့ အချက်တွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားပြောစရာမရှိပေမယ့် ၅၉(စ)နဲ့ ပတ်သက်လို့တော့ ပြောစရာဖြစ်နေပါတယ်။ ၅၉(စ)ဟာ မြန်မာတစ်မျိုးသားလုံးပတ်သက်နေတာမို့ ဖြစ်နိုင်ရင် အသက်(၁၈)နှစ်ကျော်သူတိုင်းကိုတစ်ဦးချင်းရဲ့ ဆန္ဒသဘောထားကို ရယူသင့်တယ်လို့လည်းအဆိုပါ ဆရာတော် က မိန့်တော်မူပါတယ်။

“ဘုန်းကြီးတို့ကတော့ လောကီရေးရာတွေမှာ ဘာပြင်ပေးပါ၊ညာပြင်ပေးပါလို့ ၀င်ပြီးမစွက်ဖက်ချင်ပါဘူး။ ဘာသာရေးနဲ့ပတ်သက် လို့တော့ပြောချင်တယ်။ အားလုံးသိကြပြီးတဲ့အတိုင်းပဲ။ ဗုဒ္ဓဘာသာဆိုတာ အာရှမှာ အရှေ့တောင် အာရှနိုင်ငံအများအပြားမှာ ဟိုးအရင်ကတည်းက လွှမ်းမိုးနေခဲ့တာပါ။ အင်ဒိုနီးရှား၊မလေးရှား၊ အာဖဂန် နိုင်ငံတွေအများကြီးပါပဲ။ဗုဒ္ဓဘာသာနိုင်ငံတွေ။ ဘာကြောင့် ဗုဒ္ဓဘာသာကွယ်ပျောက်ရသလဲဆိုရင် ရှင်းရှင်းလေးပါပဲ။ဗုဒ္ဓဘာသာတွေအမှုမဲ့၊အမှတ်မဲ့နေလိုက်လို့ သူများလွှမ်းမိုးသွား တာ ပါပဲ။ ဒါကလူတွေနားလည် အောင်အလွယ်ပြောလိုက် တာပါပဲ။ ဒါကြောင့်၅၉(စ)ကိုတော့ လူအားလုံးနားလည်အောင် ချပြပြောဆိုပြီးမှ ပြင်မယ်ဆိုပြင်၊ ဘုန်းကြီးတို့ကတော့ ဟိုတုံးကလဲခံခဲ့ရပြီးပြီ။ အခုလဲ ထပ်ခံရဦးမယ်ဆိုရင် နောက်ဆိုရင်မြန်မာ ပြည်မှာ ဗုဒ္ဓသာဘာအစား တစ်ခြားဘာသာတွေက နေရာဝင်ယူသွားလိမ့်မယ်” ပြင်ဆင်ရေး၊မပြင်ဆင်ရေးကိစ္စမှာ သတင်း မီဒီယာ သမားတွေ အပိုင်းက မှန်မှန်ကန်ကန်ဆောင်ရွက်ပေး ဖို့လိုနေပါတယ်။ 

၅၉(စ)ကိုပြင်ဆင်ဖို့ပြောဟောနေတဲ့ပွဲတွေမှာလူတွေထောင်သောင်းချီရှိနေသလို ၅၉(စ)ကို မပြင်ဖို့ဆန္ဒပြုတဲ့ပွဲတွေမှာလည်း လူတွေထောင်သောင်း ချီ ရှိနေတာပါပဲ။ သတင်းမီဒီယာသမားတွေက အမှန်ကို အမှန်အတိုင်းပြည်သူ သိအောင်ချပြသင့်ပါတယ်။ ပွဲမစခင် လူမလာသေးလို့ ထိုင်ခုံတွေလွတ်နေ တာကိုရိုက်ထား ပြီး လူမရှိပါဘူးဆိုတဲ့အဖြစ်မျိုး၊ အပြမျိုးကတော့ ဘက်လိုက်ရာကျ ပါတယ်။ ဒီလိုလုပ်နေတဲ့သတင်းသမား တွေဟာ မီဒီယာသမား မပီသပါဘူး။

ဒီမိုကရေစီစနစ်မှာ လူတိုင်းလွတ်လပ်စွာ ပြောဆိုနေတာဖြစ်လို့ မတူကွဲပြားပြောဆိုမှုတွေကိုလည်း မတူ ကွဲပြားတဲ့အလျောက် အသိအမှတ်ပြုရမှာပါ။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့အဖြစ်မျိုးကတော့ အောက်တန်းကျလွန်းလှ ပါတယ်။မြန်မာနိုင်ငံရဲ့နေ ရာတော်တော် များများမှာ အခုဆိုရင် ၅၉(စ)ကို မပြင်ပေးဖို့၊ ဒီအတိုင်းဆက်လက်ထား ရှိ တောင်းဆိုနေတဲ့သူတွေရဲ့အသံတွေလည်း တစ်နေ့ထက် တစ်နေ့ပိုမိုကျယ်လောင်လာနေပါတယ်။ တိုင်းပြည် နဲ့လူမျိုးအကျိုးကို တာဝန်သိသိ၊သစ္စာရှိရှိထမ်းဆောင်နေကြသူများဖြစ်ကြတဲ့ မီဒီယာ သမားတွေအနေနဲ့တကယ် တိုင်းပြည်ကိုချစ်ရင် ဘက်လိုက်မှုကင်းရှင်းစွာနဲ့ရပ်တည်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ချင်ပါ တယ်။

ဗလမင်းထင်
Credit : https://www.facebook.com/sai.opa

No comments:

Post a Comment