Thursday 6 November 2014

မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အ၀ါအဆင့် သတ်မှတ် ထားသည်။

မိုး/ဇလ ဌာန အနေဖြင့် မြန်မာ့ပင်လယ်ပြင် သတိပေးချက်ကို နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန် လိုက်ပြီး ကမ်းနီး၊ ကမ်းဝေးငါး ဖမ်းစက်လှေများ မုန်တိုင်းငယ် အန္တရာယ် ကြိုတင်ရှောင်နိုင်ရန် သတိပေးထားသည်။

‘‘ဒီနေ့ပဲ သတိပေးချက်ထုတ် လိုက်တယ်။ ပင်လယ်ရောက်မှ ဆို ဒုက္ခရောက်မှာ စိုးလို့’’ ဟု ဦးကျော်မိုးဦးက နိုဝင်ဘာ ၅ ရက် ညနေတွင် ပြောသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တွင် စတင်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်ဖြင့် အိန္ဒိယနိုင်ငံ ကမ်းခြေသို့ဝင် ရောက်နိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သ ဌာနများက သတင်း ထုတ်ပြန်ခဲ့သော်လည်း နိုဝင်ဘာ ၅ ရက်မှစတင်ကာ လမ်းကြောင်းပြောင်းလာကြောင်း မိုး/ဇလ ဌာနမှ သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိပါဘူး’’ဟု ဒေါက်တာထွန်းလွင်က သုံးသပ်သည်။

မုန်တိုင်းငယ်၏ အရှိန် ကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၉ ရက် မတိုင်မီ နေရာ ကွက်၍ မိုးကောင်းနေမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment