Thursday 6 November 2014

မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ခံရသည့် အင်ဂျင်နီယာ ၁၈၀ ကျော်သာရှိဟုဆို

ရန်ကုန်− နည်းပညာတက္ကသိုလ်များမှ အင်ဂျင်နီယာကျောင်း သား သောင်းဂဏန်းနှစ်စဉ်မွေးထုတ် ပေးနေသော်လည်း မြန်မာနိုင်ငံ တွင် နောက်ဆုံးအဆင့်အကျွမ်း ကျင်ဆုံးပညာရှင်အဖြစ် အသိအမှတ်ပြုခံ ထားရသည့် အင်ဂျင်နီ ယာ ၁၈၂ ဦးသာရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

အဆိုပါအရေအတွက်မှာ အခြား အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေ သေးသည်ဟု ဥက္ကဋ္ဌဦးဝင်းခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် အင်ဂျင်နီယာဦး ရေနှစ်ထောင်ကျော်ရှိပြီး လက်ရှိ နည်းပညာတက္ကသိုလ်များမှ မွေး ထုတ်လိုက်သည့် အင်ဂျင်နီယာ ကျောင်းသားများတွင် ပြည်တွင်း၌အလုပ်လက်မဲ့ဦးရေငါးသိန်းကျော်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ခန့်မှန်းသည်။

‘‘အင်ဂျင်နီယာကျောင်းသား တွေက နောက်ပိုင်း B-Tech တောင်ဝင်အောင်မဖြေတော့ဘူး။ ၂ နှစ်နဲ့ပဲကျောင်းပြီးအဝေးသင် ပြောင်းကြတာ ရည်မှန်းချက်နဲ့ အင်ဂျင်နီယာပညာရပ်အပေါ် ကြိုးစားအားထုတ်တဲ့လူငယ်တွေ နည်းလာပြီ’’ဟု မြို့ပြဗိသုကာ ပညာရှင် ဦးစည်သူမြင့်မိုးဆွေက သုံးသပ် သည်။

ယခင်က မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ကျောင်းပြီး၍ အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းကောင်းမရသဖြင့် ကျွမ်းကျင်အဆင့်ရှိ အင်ဂျင်နီယာ အများစုကပြည်ပသို့ထွက်ခွာပြီးအလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခဲ့ကြသည်ဟု ဦးစည်သူမြင့်မိုးဆွေက ပြောသည်။

‘‘အခုဒီနိုင်ငံမှာ အရင်က ထက်စာရင် အင်ဂျင်နီယာတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာပြီလို့ပြောလို့ရတယ်’’ဟု ၎င်းကပြောသည်။

ထို့ကြောင့် ထူးချွန်အောင် မြင်သည့် အင်ဂျင်နီယာမျိုးဆက် သစ်များ မြန်မာနိုင်ငံတွင် များစွာ ပေါ်ပေါက်ရန်လိုအပ်နေပြီး ရှိပြီး သားအင်ဂျင်နီယာများ၏အရည် အသွေးကိုလည်း ထိန်းသိမ်းရန်လို အပ်လာပြီဟု ပညာရှင်များကသုံး သပ်ကြသည်။လက်ရှိတွင် အင်ဂျင်နီယာ ကောင်စီကို အစိုးရသစ်လက်ထက်၌ ဖွဲ့စည်းပြီး အင်ဂျင်နီယာကောင်စီ ဥပဒေပေါ်ပေါက်လာပြီဖြစ်ရာ အင်ဂျင်နီယာများ၏ အရည်အသွေး ဂုဏ်သိက္ခာတို့ကို အဆိုပါဥပဒေဖြင့် ထိန်းသိမ်းရန် အင်ဂျင်နီယာကောင်စီကလုပ် ဆောင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနလက်အောက်၌ နည်းပညာတက္ကသိုလ်ပေါင်း ၃၃ ခုရှိပြီး အဆင့်မြှင့်တင်ထားသော (COE)ဟုခေါ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့်မန္တလေးနည်းပညာ တက္ကသိုလ်တို့ ရှိသည်။

7Day Daily

No comments:

Post a Comment