Saturday 8 November 2014

မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား

ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက် ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ဆီ စာဝင် တယ်။ သူတို့ဓာတ်ပုံတွေရော၊ နာ မည်တွေရောပါတယ်။ ဖမ်းဆီးရ မယ့် စာရင်းဇယားတွေနဲ့ သူတို့ ပေးထားတဲ့ မြေပုံညွှန်းနဲ့ လိုက်စုံ စမ်းပေးပြီး လိုအပ်တာတွေ အ ကောင်အထည်ဖော်ရမှာပေါ့’’ ဟု အဆိုပါ ရဲအရာရှိကြီးက ပြော ကြားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာ နိုင်ငံသို့ လာစဉ်ကလည်း မူးယစ် ကုန်သည်ဆယ်ဦးနှင့် ပတ်သက် သည့် အကြောင်းအရာများ ပြည် ထဲရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ထိုင်းဝန်ကြီးချုပ်လာတုန်းကလည်း ကျွန်တော်တို့ဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့ ၀န်ကြီးကလည်း တို့ဆီကနေ ထွက်ပြေးသွားတဲ့ တရားခံတွေရှိ တယ်။ မင်းတို့လည်း ပြန်လုပ်ပေး ဆိုပြီး။ အဲဒီလိုတော့ လုပ်ထားတယ်’’ ဟု နေပြည်တော် မူးယစ်ဗဟိုမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး ပူးပေါင်းနှိမ် နင်းရေးအတွက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့သည့် အချိန်မှစ၍ တရား ခံလွှဲပြောင်းပေးမှု ကိုးကြိမ်ပြုလုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ တရားခံဖမ်းဆီးလွှဲပြောင်းရာတွင် ထိုင်းနိုင်ငံသားဖြစ်ပါက လ၀က အက်ဥပဒေဖြင့် အမှုဖွင့်၍ လွှဲ ပြောင်းပေးသည်။ မြန်မာနိုင်ငံသားဖြစ်ပါက ထိုင်းအစိုးရသို့ အကြောင်းကြားရုံသာ ပြုလုပ်ပြီးလွှဲအပ်ပေးခြင်း မပြုဘဲ တည်ဆဲဥပဒေအရ အရေးယူကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာ-လာအို သုံး နိုင်ငံ ဆက်စပ်နယ်နိမိတ်ဖြစ်သည့် ရွှေတြိဂံဒေသသည် မူးယစ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာကျော်ပြီး ယင်းနေရာကို အာရှဒေသတစ်ခုလုံးအတွက် မူးယစ်ဆေးအန္တရာယ်ရှိသော ဒေသတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ တရားရုံး (UNODC) ၏ ၂၀၁၄ အစီရင်ခံစာ၌ သတိပေးထားသည်

7Day Daily

No comments:

Post a Comment