Monday 10 November 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟု ဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူထားသည့် စိစစ်ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်သမ္မတအား ပြောကြား


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဟုဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူ ထားသည့် စိစစ် ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ် သမ္မတ အား နိုဝင်ဘာ၉ရက်နေ့က ပေကျင်း တွင်တွေ့ဆုံစဉ် ပြောကြား ခဲ့သည် ဟု သိရ သည်။

မြန်မာသမ္မတနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေး စဉ် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က ဘင်္ဂလားဒေ့ရှ်သမ္မတ မစ္စတာ အဗ္ဗဒူဟာမစ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ခွာ လာသည်ဟု ဆိုသူများကို အမြန်ပြန်လည်လက်ခံရန် ဆွေးနွေး ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည် ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြချက်အရ သိရသည်။



မြန်မာနိုင်ငံအနေဖြင့် ယခင်က နှစ်နိုင်ငံသဘောတူထားသည့် စိစစ် ရေးမူလေးချက်နှင့် စိစစ်ပြီး ¤င်းတို့ အနေဖြင့် ¤င်းတို့၏သဘောဆန္ဒ အတိုင်း ပြန်လာသည်သာဖြစ်ရမည် ဟုပြောပြီး စနစ်တကျစိစစ်မှုများမ ပြုလုပ်ဘဲ အမြန်ပြန်လည်လက်ခံ ရန်မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတအား ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင်တိုင်း ရင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဒေါက်တာအေး မောင်က ''သမ္မတပြောတဲ့ စိစစ်ပြီး မှ လက်ခံမယ်ဆိုတဲ့စကားကို ကျွန် တော်တော့ လက်ခံတယ်။ ဒီလိုမှ မဟုတ်ဘဲ အမေရိကန်သမ္မတ အို ဘားမားကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတ ကာ တိုက်တွန်းချက်ကြောင့်ပဲဖြစ်ဖြစ် အရမ်း လက်ခံတာမျိုးလုပ်မယ်ဆို ရင် ကျွန်တော်တို့တွေက ကန့်ကွက် မယ်။ အရင် ၁၉၉၂ ခုနှစ်တုန်းက လဲ ဘင်္ဂလားဒေ့ရှ်ရောက်နေပြီး မြန် မာနိုင်ငံသား လို့ဆိုတဲ့ သူတွေ နှစ်သိန်း ခွဲလောက်ကို ခိုင်လုံတဲ့အထောက် အထားတွေ သေချာမရှိဘဲ မြန်မာ နိုင်ငံမှာ နေခဲ့တယ်လို့ဆိုတဲ့ အချက် တစ်ခုတည်းကိုကြည့်ပြီး လက်ခံခဲ့ တာရှိတယ်'' ဟု သုံးသပ်ပြောဆို ခဲ့သည်။

ဓါတ်ပုံ - သတင်းစဉ်။

Yangon Media Group

No comments:

Post a Comment