Monday 10 November 2014

လေကြောင်းတိုက်ခိုက်မှုများအပြီး IS အဖွဲ့အကြီးအကဲ၏ ကံကြမ္မာအား အီရတ် စုံစမ်းစစ်ဆေးနေ

Photo: လေကြောင်းတိုက်ခိုက်မှုများအပြီး IS အဖွဲ့အကြီးအကဲ၏ ကံကြမ္မာအား အီရတ် စုံစမ်းစစ်ဆေးနေ
Monday, November 10, 2014

အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဖမ်းဆီးရခက်လှစွာသော ဘဂ္ဂဒက်ဒီသာ သေရိုးမှန်ခဲ့လျှင် ၎င်းအဖြစ်အပျက်သည် IS အား လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသော ပူးပေါင်းအဖွဲ့ဝင် နိုင်ငံများအတွက်၊ အီရတ်တစ်လွှား IS မှ သိမ်းပိုက်ထားသော နယ်မြေတနံတလျားအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြသော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ကြီးမားလှသော မဟာအောင်ပွဲကြီး ဖြစ်ပေလိမ့်မည်။

၎င်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော ကြေငြာချက်သည် ဝါရှင်တန်မှ IS အား အချိန်အကန့်အသတ်မရှိ စစ်ပွဲဆင်နွှဲမည့်အကြောင်းကို ပိုမိုထင်ရှားစေမည့် သမ္မတ ဘားရတ် အိုဘားမားမှ အီရတ်တပ်ဖွဲ့ဝင်များအား စစ်အကြံပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်အား စေလွှတ်မည့်အကြောင်း ဖွင့်ဟအပြီး၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ဒီ သေဆုံးသွားပြီလား၊ ရှင်နေသေးသလားဟူသည့် မေးခွန်းကို ထိပ်တန်း အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးမှ "အခုအထိတော့ တိကျသော မည်သည့်သတင်းအချက်အလက်မှ ရရှိထားခြင်း မရှိသေးပါဘူး" ဟု ဖြေကြားခဲ့သည်။ "သတင်းတွေက တရားမဝင်ရင်းမြစ်တွေက လာတာဖြစ်ပြီး ခုချိန်ထိ အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ကြိုးစားလုပ်ဆောင်နေပါတယ်" ဟု ၎င်းတာဝန်ရှိသူမှ ကနဦးသတင်းပါ အချက်အလက်များကို အသေးစိပ်မရှင်းလင်းပဲ ယေဘုယျသဘော ဖြေကြားသွားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအား ကွပ်ကဲနေသော အမေရိကန်ဗဟိုစစ်ဦးစီးအဖွဲ့က ၎င်းတို့ ပူးပေါင်းအဖွဲ့လေယာဉ်များမှ "လေကြောင်းတိုက်ခိုက်မှုများ များစွာ" ကို "မိုဆူးလ်အနီးရှိ IS ခေါင်းဆောင်များ စည်းဝေးနေသော နေရာတစ်ခု" သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စနေနေ့က ပြောကြားသည်။

"IS ခေါင်းဆောင် အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီက စည်းဝေးနေတဲ့အထဲ ပါသလား/မပါဘူးလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ဗဟိုစစ်ဦးစီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပစ်ထရစ် ရိုင်ဒါက ပြောကြားသည်။ သောကြာနေ့က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများသည် "ကျွန်တော်တို့က ISIL အကြမ်းဖက်ကွန်ယက်ကို ဖိအားပေးနေဆဲ" ဆိုတဲ့ အမှတ်လက္ခဏာ နောက်တစ်ခုပါ" ဟု ၎င်းမှ IS ၏ အခြားနာမည်တစ်မျိုးဖြစ်သော ISIL ကို အသုံးပြု၍ ပြောကြားသွားသည်။ ။
"ဘဂ္ဂဒက်သေဆုံးပြီလို့ ကျွန်တော်တို့ လုံးဝအတည်မပြုနိုင်သေးပါဘူး" ဟု ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့များ သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူစတန်မှ BBC ရုပ်သံ သို့ တနင်္ဂနွေနေ့က ပြောကြားသည်။ "အဖြေအတိအကျပေးဖို့ဆိုလျှင် အတော်လေး အချိန်ယူရနိုင်ပါတယ်"
ဝါရှင်တန်မှ ဘဂ္ဂဒက်ဒီအား ဖမ်းဆီးပေးနိုင်သူကို အမေရကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ကြေငြာကမ်းလှမ်းထားသည်။ အချို့သော လေ့လာမှုစစ်တမ်းများအရ ဘဂ္ဂဒက်ဒီသည် အယ်လ်ကိုင်ဒါအကြီးအကဲ အေမန် အယ်လ်ဇဝါဟီရီထက် သြာဇာအာဏာ ပို၍ပို၍ ကြီးထွားလာနေသည်။

http://www.channelnewsasia.com/…/iraq-investig…/1462912.html
ဓာတ်ပုံ -- မိုဆူးလ်မြို့ရှိ ဗလီတစ်ခု၌ မိန့်ခွန်းပြောကြားနေသော ဘဂ္ဂဒက်ဒီ
Myo Min Thant
အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဖမ်းဆီးရခက်လှစွာသော ဘဂ္ဂဒက်ဒီသာ သေရိုးမှန်ခဲ့လျှင် ၎င်းအဖြစ်အပျက်သည် IS အား လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသော ပူးပေါင်းအဖွဲ့ဝင် နိုင်ငံများအတွက်၊ အီရတ်တစ်လွှား IS မှ သိမ်းပိုက်ထားသော နယ်မြေတနံတလျားအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြသော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ကြီးမားလှသော မဟာအောင်ပွဲကြီး ဖြစ်ပေလိမ့်မည်။

၎င်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော ကြေငြာချက်သည် ဝါရှင်တန်မှ IS အား အချိန်အကန့်အသတ်မရှိ စစ်ပွဲဆင်နွှဲမည့်အကြောင်းကို ပိုမိုထင်ရှားစေမည့် သမ္မတ ဘားရတ် အိုဘားမားမှ အီရတ်တပ်ဖွဲ့ဝင်များအား စစ်အကြံပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်အား စေလွှတ်မည့် အကြောင်း ဖွင့်ဟအပြီး၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ဒီ သေဆုံးသွားပြီလား၊ ရှင်နေသေးသလားဟူသည့် မေးခွန်းကို ထိပ်တန်း အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးမှ "အခုအထိတော့ တိကျသော မည်သည့်သတင်းအချက်အလက်မှ ရရှိထားခြင်း မရှိသေးပါဘူး" ဟု ဖြေကြားခဲ့သည်။ "သတင်းတွေက တရားမဝင်ရင်းမြစ်တွေက လာတာဖြစ်ပြီး ခုချိန်ထိ အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ကြိုးစားလုပ်ဆောင်နေ ပါတယ်" ဟု ၎င်းတာဝန်ရှိသူမှ ကနဦးသတင်းပါ အချက်အလက်များကို အသေးစိပ်မရှင်းလင်းပဲ ယေဘုယျသဘော ဖြေကြားသွားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအား ကွပ်ကဲနေသော အမေရိကန်ဗဟိုစစ်ဦးစီးအဖွဲ့က ၎င်းတို့ ပူးပေါင်းအဖွဲ့လေယာဉ်များမှ "လေကြောင်းတိုက်ခိုက်မှုများ များစွာ" ကို "မိုဆူးလ်အနီးရှိ IS ခေါင်းဆောင်များ စည်းဝေးနေသော နေရာတစ်ခု" သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စနေနေ့က ပြောကြားသည်။

"IS ခေါင်းဆောင် အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီက စည်းဝေးနေတဲ့အထဲ ပါသလား/မပါဘူးလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ဗဟိုစစ်ဦးစီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပစ်ထရစ် ရိုင်ဒါက ပြောကြားသည်။ သောကြာနေ့က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများသည် "ကျွန်တော်တို့က ISIL အကြမ်းဖက်ကွန်ယက်ကို ဖိအားပေးနေဆဲ" ဆိုတဲ့ အမှတ်လက္ခဏာ နောက်တစ်ခုပါ" ဟု ၎င်းမှ IS ၏ အခြားနာမည်တစ်မျိုးဖြစ်သော ISIL ကို အသုံးပြု၍ ပြောကြားသွားသည်။ ။
"ဘဂ္ဂဒက်သေဆုံးပြီလို့ ကျွန်တော်တို့ လုံးဝအတည်မပြုနိုင်သေးပါဘူး" ဟု ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့များ သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူစတန်မှ BBC ရုပ်သံ သို့ တနင်္ဂနွေနေ့က ပြောကြားသည်။ "အဖြေအတိအကျပေးဖို့ဆိုလျှင် အတော်လေး အချိန်ယူရနိုင်ပါတယ်"
ဝါရှင်တန်မှ ဘဂ္ဂဒက်ဒီအား ဖမ်းဆီးပေးနိုင်သူကို အမေရကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ကြေငြာကမ်းလှမ်းထားသည်။ အချို့သော လေ့လာမှုစစ်တမ်းများအရ ဘဂ္ဂဒက်ဒီသည် အယ်လ်ကိုင်ဒါအကြီးအကဲ အေမန် အယ်လ်ဇဝါဟီရီထက် သြာဇာအာဏာ ပို၍ပို၍ ကြီးထွားလာနေသည်။

http://www.channelnewsasia.com/…/iraq-investig…/1462912.html
ဓာတ်ပုံ -- မိုဆူးလ်မြို့ရှိ ဗလီတစ်ခု၌ မိန့်ခွန်းပြောကြားနေသော ဘဂ္ဂဒက်ဒီ
Myo Min Thant

No comments:

Post a Comment