Saturday 18 October 2014

ပါတီများအပေါ် လူထုထောက်ခံမှု စစ်တမ်းကောက်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအပေါ် လူထုထောက်ခံမှုအတိုင်းအတာကို အများပြည်သူ သိရှိနိုင်စေရန် လူထုထောက်ခံမှု စစ်တမ်းတစ်စောင် ပြုစုမည် ဖြစ်ကြောင်းမြန်မာ့လွှတ်တော် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့ (OMI)မှ သတင်းရရှိသည်။
လက်ရှိ ရှိနေသောနိုင်ငံရေးပါတီများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုနှင့်လူထုထောက်ခံမှုအများဆုံးရှိနေသည့် နိုင်ငံရေး ပါတီများကို စစ်တမ်းတွင် ထည့်သွင်းသွားမည်ဖြစ်သည်။
အဆိုပါစစ်တမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာသည့်အချိန်တွင် စတင်လုပ်ဆောင်ရန်စီစဉ်ထားပြီး နိုင်ငံရေးပါတီများအပေါ် လူထုထောက်ခံမှု အတိုင်းအတာ မည်မျှရှိသည်ကိုသိရှိစေရန် ပါတီများအား မဲပေးသည့်စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်ဟု OMIဒါရိုက်တာ ဦးအေးကျော်က ပြော သည်။


‘‘ကျွန်တော်တို့လုပ်တာက ပြည်သူလူထုဘယ်ပါတီကို အများဆုံးထောက်ခံလဲဆိုတာ အရေးပါတယ်ဆိုပေမယ့် နိုင်ငံရေးပါတီတွေကတော့ကိုယ့်ပါတီကို လူထုဘယ်လောက်ထောက်ခံနေလဲဆိုတာသိဖို့ ရည်ရွယ်ပါတယ်’’ဟု ဦးအေးကျော်ကဆိုသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့သည် ယခုနှစ်အတွင်း ကျင်းပမည်ဆိုသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ အပေါ် လူထုထောက်ခံမှုစစ်တမ်းတစ်စောင်လုပ်ရန် ရည်ရွယ်ထား သော်လည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြား ဖြတ်ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကိုဖျက်သိမ်းလိုက် သ ဖြင့် စစ်တမ်းကောက်မည့်အစီအ စဉ်များ အကောင်အထည်ဖော် နိုင်ခဲ့ခြင်းမရှိတော့ပေ။

လက်ရှိအချိန်တွင် ပြည်သူ လူထုက မည်သည့်နိုင်ငံရေးပါတီအား ထောက်ခံမှုများနေသည်ကို ခန့်မှန်းနိုင်သော်လည်း နိုင်ငံရေး ပါတီများအပေါ် လူထုထောက်ခံ မှုနှုန်းစစ်တမ်းတွင် မည်သည့် အချက်များကို လူထုကထောက်ခံကြောင်းပါရှိပါက နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင် နိုင်မည်ဖြစ်သည်ဟု မွန်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ နိုင်ကျော်ဝင်းက သုံးသပ်သည်။

လာမည့်၂၀၁၅ ရွေးကောက် ပွဲသည် နိုင်ငံရေးပါတီများအားလုံး အတွက် အရေးကြီးသည်ဆိုသော်လည်း လက်ရှိအင်အားကြီးပါတီ နှစ်ခုဖြစ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အတွက် ပိုမိုအရေးကြီးသည့်ရွေး ကောက်ပွဲဖြစ်ကြောင်း ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပမည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲကို ယင်းနှစ် နှောင်းပိုင်းကာလတွင် ကျင်းပ ပေးရန်ရည်ရွယ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားထားသည်။
7daydaily

No comments:

Post a Comment