Monday 6 October 2014

ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေ၀သ ရေဒါတပ်ဆင်ရေးစီမံကိန်း သုံးခုအနက် ပထမဆုံး တည်ဆောက်သည့် ကျောက်ဖြူရေဒါစခန်းကို ၂၀၁၅ မတ်တွင် အပြီးတည်ဆောက်မည်

Photo: ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေ၀သ ရေဒါတပ်ဆင်ရေးစီမံကိန်း သုံးခုအနက် ပထမဆုံး တည်ဆောက်သည့် ကျောက်ဖြူရေဒါစခန်းကို ၂၀၁၅ မတ်တွင် အပြီးတည်ဆောက်မည်
Monday, October 6, 2014

ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းသုံးခုအနက် ပထမဆုံး တည်ဆောက်သည့် ကျောက်ဖြူရေဒါစခန်းကို လာမည့် ၂ဝ၁၅ ခုနှစ် မတ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တွေ့ကြုံပြီးနောက် အလားတူ ဘေးဒုက္ခ မကျရောက်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါသုံးလုံးကို ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တပ်ဆင်ပေးရန် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ပေါင်း ၃ဝ တွင် အလိုအလျောက် မိုးလေဝသရေဒါများ တပ်ဆင်ပေးမည် ဖြစ်သည်။ အဆိုပါစီမံချက်နှင့် စပ်လျဉ်း၍ ခန့်မှန်းခြေတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၄ဝ ခန့်ဖြစ်သည်။ 
 
အဆိုပါမိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းသုံးခုအနက် ပထမဆုံး တည်ဆောက်သည့် ကျောက်ဖြူရေဒါစခန်းကို ၂ဝ၁၄ ခုနှစ် မတ်လမှ စတင်ကာဆောက်လုပ်လျက်ရှိပြီး လာမည့် ၂ဝ၁၅ ခုနှစ်၊ မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ ရေဒါအဆောက်အအုံ ဆောက်လုပ်ခြင်း ပြီးစီးပါက ကိရိယာတပ်ဆင်ခြင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီမှ ဩဂုတ်လအတွင်း အပြီးတပ်ဆင်မည်ဟု သိရသည်။
 
ရန်ကုန် ရေဒါစခန်းကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် စတင်တည်ဆောက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်မည် ဖြစ်သည်။မန္တလေး ရေဒါစခန်းကိုလည်း၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၇ ဇန်နဝါရီတွင် အပြီးတည်ဆောက်သွားမည် ဖြစ်သည်။
 
ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းတွင် ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ပေါင်း ၃ဝ တွင် အလိုအလျောက် မိုးလေဝသရေဒါများ တပ်ဆင်ခြင်းအား ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း တပ်ဆင်သွားမည်ဟု သိရသည်။ အဆိုပါ မိုးလေဝသရေဒါများသည် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းများကို ထောက်လှမ်းလေ့လာသိရှိနိုင်မည် ဖြစ်သည်။   

Eleven Media Group 

ကျောက်ဖြူရေဒါစခန်း တည်ဆောက်နေသည်ကို အောက်တိုဘာလဆန်းပိုင်း က တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရမ္မာ(ကျောက်ဖြူ))
ကျောက်ဖြူရေဒါစခန်း တည်ဆောက်နေသည်ကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရမ္မာ(ကျောက်ဖြူ))
ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းသုံးခုအနက် ပထမဆုံး တည်ဆောက် သည့် ကျောက်ဖြူရေဒါစခန်းကို လာမည့် ၂ဝ၁၅ ခုနှစ် မတ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တွေ့ကြုံပြီးနောက် အလားတူ ဘေးဒုက္ခ မကျရောက်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါသုံးလုံးကို ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တပ်ဆင်ပေးရန် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ပေါင်း ၃ဝ တွင် အလိုအလျောက် မိုးလေဝသရေဒါများ တပ်ဆင်ပေးမည် ဖြစ်သည်။ အဆိုပါစီမံချက်နှင့် စပ်လျဉ်း၍ ခန့်မှန်းခြေတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၄ဝ ခန့်ဖြစ်သည်။ 

အဆိုပါမိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းသုံးခုအနက် ပထမဆုံး တည်ဆောက်သည့် ကျောက်ဖြူရေဒါ စခန်းကို ၂ဝ၁၄ ခုနှစ် မတ်လမှ စတင်ကာဆောက်လုပ်လျက်ရှိပြီး လာမည့် ၂ဝ၁၅ ခုနှစ်၊ မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ ရေဒါအဆောက်အအုံ ဆောက်လုပ်ခြင်း ပြီးစီးပါက ကိရိယာတပ်ဆင်ခြင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီမှ ဩဂုတ်လအတွင်း အပြီးတပ်ဆင်မည်ဟု သိရသည်။

ရန်ကုန် ရေဒါစခန်းကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် စတင်တည်ဆောက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ် မတ်လ တွင် အပြီးတည်ဆောက်မည် ဖြစ်သည်။မန္တလေး ရေဒါစခန်းကိုလည်း၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၇ ဇန်နဝါရီတွင် အပြီးတည်ဆောက်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် မိုးလေဝသရေဒါတပ်ဆင်ရေး စီမံကိန်းတွင် ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေ သကြီး များရှိ မြို့ပေါင်း ၃ဝ တွင် အလိုအလျောက် မိုးလေဝသရေဒါများ တပ်ဆင်ခြင်းအား ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း တပ်ဆင်သွားမည်ဟု သိရသည်။ အဆိုပါ မိုးလေဝသရေဒါများသည် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းများကို ထောက်လှမ်းလေ့လာသိရှိနိုင်မည် ဖြစ်သည်။   

Eleven Media Group 

No comments:

Post a Comment