Tuesday 6 May 2014

ယူကရိန်း မတည်ငြိမ်သော ဒေသများကို လူအုပ်ကြီးက မင်းမူဟုဆို

Photo: ယူကရိန်း မတည်ငြိမ်သော ဒေသများကို လူအုပ်ကြီးက မင်းမူဟုဆို
Tuesday, May 6, 2014

ပြီးခဲ့သည့် ရက်များက ထောင်ပေါင်းများစွာသော ယူကရိန်းထဲတွင် နေထိုင်သော ရုရှားအနွယ်ဝင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အစိုးရ ဥပဒေများကို မလိုက်နာတော့ဘဲ ယူကရိန်းမှ ခွဲထွက်ကာ ရုရှားသို့ ပေါင်းစည်းရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြရာ ယင်းဒေသ အများစုတွင် အစိုးရအာဏာ သက်ရောက်မှု နည်းသွားပြီး လူအုပ်ကြီးက ပိုမိုအင်အားကောင်းလျက် ရှိကြောင်း သတင်းဓာတ်ပုံများ၊ မျက်မြင် အဖြစ်အပျက်များကို ကိုးကားလျက် Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

တောင်ပိုင်း ဆိပ်ကမ်းမြို့တော် အိုဒက်ဆာတွင် ဆန္ဒပြသူ လူအုပ်ကြီးက ရဲရုံးချုပ်ကို ဝိုင်းကြကာ ဖမ်းဆီးထားသော ၎င်းတို့ လိုလားသူများကို အတင်းဝင် လွှတ်ပေးခဲ့သည်။

အစိုးရကို လိုလားသော လူအုပ်စုကြီးနှင့် အစိုးရကို မလိုလားသော ဆန္ဒပြသူများ ထိပ်တိုက် တွေ့ခဲ့ကြပြီး ယင်းအိုဒက်ဆာမြို့တွင် စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့ကာ ၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။

သေဆုံးသူများအနက် အများစုမှာ ရုရှားကို လိုလားသော ဆန္ဒပြသူများ ဖြစ်ကြပြီး အလုပ်သမားသမဂ္ဂ ရုံးတစ်ခုကို မီးတင်ရှို့ခဲ့ရာမှ လူပေါင်း ၃၀ ခန့် အသက်ရှူကျပ်ပြီး ကျန်ရှစ်ဦးက ပြတင်းပေါက်များမှ ခုန်ချကြရာမှ သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လများတွင် ရုရှားက ထောက်ခံသည့် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားပြီး ကြားဖြတ်အစိုးရ တက်လာခဲ့ရာမှ ယင်းသို့ မတည်မငြိမ် လမ်းမပေါ် တိုက်ခိုက်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ယင်းသို့ လမ်းမပေါ် ကသောင်းကနင်း အခြေအနေများအတွက် ရုရှားတွင် တာဝန်ရှိကြောင်း ယူကရိန်း ဝန်ကြီးချုပ် အာဆန်နီယက်ဆန်ယက်က ပြောကြားခဲ့သည်။

“ရုရှားရဲ့ ရည်ရွယ်ချက်က အိုဒက်ဆာမှာ ဖြစ်ပျက်ခဲ့သလို မျိုးတွေကို ယူကရိန်း အရှေ့ပိုင်းမှာပါ ဖြစ်စေချင်တာပါ” ဟု ဝန်ကြီးချုပ် ယက်ဆန်ယက်က်က အိုဒက်ဆာဒေသသို့ ရောက်ရှိလာချိန်တွင် သတင်းမီဒီယာသမားများကို ပြောကြားခဲ့သည်။

“အိုဒက်ဆာမှာ ဖြစ်ပျက်ခဲ့တာတွေက ရုရှားရဲ့ ယူကရိန်းနဲ့ သူ့ရဲ့နိုင်ငံ ရည်တည်မှုကို ဖျက်ဆီးဖို့ စနစ်တကျ လုပ်ဆောင်ထားတဲ့ စီမံကိန်းထဲက တစ်စိတ်တစ်ပိုင်းပါ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယူကရိန်း တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများကို ကသောင်းကနင်း အခြေအနေ ဖြစ်စေရန်အတွက် ရုရှားက လူများ လွှတ်ထားသည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ရုရှားကို လိုလားသော တက်ကြွ လှုပ်ရှားသူများနှင့် ယူကရိန်း အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး ဂရီဂိုရီကရာဆင်က ပြောကြားသည်။

The Voice Weekly
ပြီးခဲ့သည့် ရက်များက ထောင်ပေါင်းများစွာသော ယူကရိန်းထဲတွင် နေထိုင်သော ရုရှားအနွယ်ဝင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အစိုးရ ဥပဒေများကို မလိုက် နာတော့ဘဲ ယူကရိန်းမှ ခွဲထွက်ကာ ရုရှားသို့ ပေါင်းစည်းရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြရာ ယင်းဒေသ အများစုတွင် အစိုးရအာဏာ သက်ရောက်မှု နည်းသွားပြီး လူအုပ်ကြီးက ပိုမိုအင်အားကောင်း လျက် ရှိကြောင်း သတင်းဓာတ်ပုံများ၊ မျက်မြင် အဖြစ်အပျက်များကို ကိုးကားလျက် Reuters သတင်းတစ်ရပ် က ဖော်ပြထားသည်။
တောင်ပိုင်း ဆိပ်ကမ်းမြို့တော် အိုဒက်ဆာတွင် ဆန္ဒပြသူ လူအုပ်ကြီးက ရဲရုံးချုပ်ကို ဝိုင်းကြကာ ဖမ်းဆီး ထားသော ၎င်းတို့ လိုလားသူများကို အတင်းဝင် လွှတ်ပေးခဲ့သည်။

အစိုးရကို လိုလားသော လူအုပ်စုကြီးနှင့် အစိုးရကို မလိုလားသော ဆန္ဒပြသူများ ထိပ်တိုက် တွေ့ခဲ့ကြပြီး ယင်း အိုဒက်ဆာမြို့တွင် စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့ကာ ၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။

သေဆုံးသူများအနက် အများစုမှာ ရုရှားကို လိုလားသော ဆန္ဒပြသူများ ဖြစ်ကြပြီး အလုပ်သမားသမဂ္ဂ ရုံး တစ်ခု ကို မီးတင်ရှို့ခဲ့ရာမှ လူပေါင်း ၃၀ ခန့် အသက်ရှူကျပ်ပြီး ကျန်ရှစ်ဦးက ပြတင်းပေါက်များမှ ခုန်ချကြရာ မှ သေ ဆုံး ခဲ့ကြရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လများတွင် ရုရှားက ထောက်ခံသည့် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားပြီး ကြားဖြတ်အစိုးရ တက်လာခဲ့ရာမှ ယင်းသို့ မတည်မငြိမ် လမ်းမပေါ် တိုက်ခိုက်မှုများ မြင့်တက် လာခြင်း ဖြစ်သည်။

ယင်းသို့ လမ်းမပေါ် ကသောင်းကနင်း အခြေအနေများအတွက် ရုရှားတွင် တာဝန်ရှိကြောင်း ယူကရိန်း ဝန်ကြီး ချုပ် အာဆန်နီယက်ဆန်ယက်က ပြောကြားခဲ့သည်။

“ရုရှားရဲ့ ရည်ရွယ်ချက်က အိုဒက်ဆာမှာ ဖြစ်ပျက်ခဲ့သလို မျိုးတွေကို ယူကရိန်း အရှေ့ပိုင်းမှာပါ ဖြစ်စေချင် တာပါ” ဟု ဝန်ကြီးချုပ် ယက်ဆန်ယက်က်က အိုဒက်ဆာဒေသသို့ ရောက်ရှိလာချိန်တွင် သတင်းမီဒီယာ သမားများကို ပြောကြားခဲ့သည်။

“အိုဒက်ဆာမှာ ဖြစ်ပျက်ခဲ့တာတွေက ရုရှားရဲ့ ယူကရိန်းနဲ့ သူ့ရဲ့နိုင်ငံ ရည်တည်မှုကို ဖျက်ဆီးဖို့ စနစ်တကျ လုပ်ဆောင်ထားတဲ့ စီမံကိန်းထဲက တစ်စိတ်တစ်ပိုင်းပါ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယူကရိန်း တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများကို ကသောင်းကနင်း အခြေအနေ ဖြစ်စေရန်အတွက် ရုရှား က လူများလွှတ်ထားသည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ရုရှားကို လိုလားသော တက်ကြွ လှုပ်ရှားသူများနှင့် ယူကရိန်း အစိုးရ တို့ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး ဂရီဂိုရီကရာဆင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment