Tuesday 6 May 2014

ဘင်္ဂလားဒေ့ရှ်တွင် မိုးကြိုးပစ်မှုကြောင့် ရှစ်ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မေ ၃ ရက်က မိုးကြိုးပစ်မှုကြောင့် ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းရှိ အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ အများစုမှာ လယ်သမားများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒါကာမြို့မှ ကီလိုမီတာ ၁ဝဝ အကွာရှိ တမ်ဂေးမြို့တွင်လည်း မိုးကြိုးပစ်မှုကြောင့် ဘောလုံး ကစားနေ သည့် ကျောင်းသားတစ်ဦး သေဆုံး ခဲ့ပြီး အခြား ကျောင်းသားငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

၎င်းတို့သည် ယခုအခါ ဒေသတွင်းရှိ ဆေးရုံတစ်ခု၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ အခြားသေ ဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ နိုင်ငံအနောက်ပိုင်းရှိ မီဟာပါ၊ အရှေ့မြောက်ပိုင်းရှိ ကမ်ရှောရက်တန်နှင့် အရှေ့ အလယ်ပိုင်းရှိ နိုအာခ်လီခရိုင်များမှ ဒေသခံ များ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment