Tuesday 10 September 2013

ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Photo: ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Tuesday, September 10, 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက် စွက်ဖက်တာ တွေ မပြုလုပ်ရေး စတဲ့ ဥပဒေ ဆိုင်ရာ ကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော် ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကို အပါအ၀င် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLD က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအပြင် တရားရေး ၀န်ထမ်းဟောင်းတွေ၊ ရှေ့နေ ကွန်ယက်က သူတွေ၊ အခြား စိတ်ဝင်စားသူတွေလည်း တက်ခဲ့ကြတာပါ။

“ဆွေးနွေးကြရာတွင် တရားစီရင်ရေး နယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ
မစွက်ဖက်ရန်၊ အာဏာ သြဇာ သုံးခြင်း (သို့) တရားသူကြီးများမှ အဂတိ လိုက်စားခြင်း ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ ရဲတပ်ဖွဲ့ လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
ဆွဲနိုင်ရန် ပြင်ဆင် သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြ
သည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ဆက်လက်ဖော်ပြပေး
သွားမယ်လို့ ပြောထားပါတယ်။

ဧရာဝတီblog
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက်စွက်ဖက်တာတွ မပြုလုပ်ရေးစတဲ့ ဥပဒေဆိုင်ရာကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော်ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကိုအပါအ၀င် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLD က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအပြင် တရားရေး ၀န်ထမ်းဟောင်းတွေ၊ ရှေ့နေကွန်ယက်ကသူတွေ၊ အခြား စိတ်ဝင်စားသူတွေလည်း တက်ခဲ့ကြတာပါ။

“ဆွေးနွေးကြရာတွင် တရားစီရင်ရေးနယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ မစွက်ဖက်ရန်၊ အာဏာသြဇာသုံးခြင်း(သို့) တရားသူကြီး များမှ အဂတိလိုက်စားခြင်းကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရန် ပြင်ဆင်သင့်သော နောက်ဆက်တွဲဥပဒေများ၊ ဆွေးနွေးကြသည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားမယ်လို့ ပြောထားပါတယ်။

ဧရာဝတီblog

No comments:

Post a Comment