Tuesday 10 September 2013

မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ


Photo: မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ
Tuesday, September 10, 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
ခရီးသွားရာသီအစဖြစ်သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံ ခြားသားခရီးသည်များ အဆိုပါ မြို့သုံးမြို့သို့ လာရောက်မှု များ ပြားပြီး လာရောက်သည့် နိုင်ငံခြား သားခရီးသည်များ တည်းခိုနိုင်ရန် အတွက် ယခုအခါ အဆိုပါမြို့ ကြီးများတွင် ဟိုတယ်ကြီးများ တိုး ချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ လလယ်အထိ မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟို တယ်ကြီးရှစ်လုံး၊ ကြယ်နှစ်ပွင့်အ ဆင့်ရှိ ဟိုတယ် ၂၅ လုံးနှင့် ကြယ် တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး နှင့် ရိုးရိုးတည်းခိုခန်း ၃၅ လုံးရှိရာ အခန်းပေါင်း ၂၃၃၁ ခန်းရှိသည်။ ပြင်ဦးလွင်မြို့တွင် ကြယ်သုံးပွင့် အဆင့် ဟိုတယ်ကြီး လေးလုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်သုံး လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ် ခြောက်လုံးနှင့် ရိုးရိုးတည်းခိုခန်း ၂၅ လုံးရှိရာ အခန်းပေါင်း ၇၅၆ ခန်းရှိသည်။ ပုဂံညောင်ဦးတွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟို တယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်ခုနစ်လုံး၊ ကြယ်တစ်ပွင့် အဆင့်ဟိုတယ် လေးလုံးနှင့် ရိုးရိုး တည်းခိုခန်း ၄၃ လုံးရှိရာ အခန်း ၂၁၃၁ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး တိုင်းဦးစီးဌာန မှူးရုံး မှတ်တမ်းများအရ သိရ သည်။

လာမည့် ခရီးသွားရာသီ တွင် ခရီးသည်နှစ်ဆခန့် တိုးတက် လာရောက်နိုင်ပြီး မန္တလေးမြို့သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များမှာ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ နိုင်ငံ ခြားသား တည်းခိုခွင့်လိုင်စင်ရယူ ထားသော တည်းခိုခန်းများသို့ သွားရောက်တည်းခိုမှုရှိရာ နိုင်ငံ ခြားသားဝင်ရောက်မှုများသည် မန္တလေးမြို့တွင် ယခုအခါ အဆင့် မြင့်အိပ်ခန်းပေါင်းများစွာ ပါရှိ သော ဟိုတယ်ကြီးများ တည် ဆောက်နေသည့်အပြင် လက်ရှိ ဟိုတယ်များမှာလည်း အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။


ခရီးသွားရာသီအစဖြစ်သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံ ခြားသား ခရီးသည်များ အဆိုပါ မြို့သုံးမြို့သို့ လာရောက်မှုများ ပြားပြီး လာရောက်သည့် နိုင်ငံခြား သားခရီးသည်များ တည်းခိုနိုင်ရန် အတွက် ယခုအခါ အဆိုပါမြို့ ကြီးများတွင် ဟိုတယ်ကြီးများ တိုး ချဲ့ဆောက်လုပ်လျက် ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ လလယ်အထိ မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟို တယ်ကြီးရှစ်လုံး၊ ကြယ်နှစ်ပွင့်အ ဆင့်ရှိ ဟိုတယ် ၂၅ လုံးနှင့် ကြယ် တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး နှင့် ရိုးရိုးတည်းခိုခန်း ၃၅ လုံးရှိရာ အခန်းပေါင်း ၂၃၃၁ ခန်းရှိသည်။ ပြင်ဦးလွင်မြို့တွင် ကြယ်သုံးပွင့် အဆင့် ဟိုတယ်ကြီး လေးလုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်သုံး လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ် ခြောက်လုံးနှင့် ရိုးရိုးတည်းခိုခန်း ၂၅ လုံးရှိရာ အခန်းပေါင်း ၇၅၆ ခန်းရှိသည်။ ပုဂံညောင်ဦးတွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟို တယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်ခုနစ်လုံး၊ ကြယ်တစ်ပွင့် အဆင့်ဟိုတယ် လေးလုံးနှင့် ရိုးရိုး တည်းခိုခန်း ၄၃ လုံးရှိရာ အခန်း ၂၁၃၁ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး တိုင်းဦးစီးဌာန မှူးရုံး မှတ်တမ်းများအရ သိရ သည်။

လာမည့် ခရီးသွားရာသီ တွင် ခရီးသည်နှစ်ဆခန့် တိုးတက် လာရောက်နိုင်ပြီး မန္တလေးမြို့သို့ လာရောက် သည့် နိုင်ငံခြားသား ခရီးသည်များမှာ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ နိုင်ငံ ခြားသား တည်းခိုခွင့် လိုင်စင်ရယူထားသော တည်းခိုခန်းများသို့ သွားရောက်တည်းခိုမှုရှိရာ နိုင်ငံ ခြားသားဝင်ရောက်မှုများသည် မန္တလေးမြို့တွင် ယခုအခါ အဆင့် မြင့်အိပ်ခန်းပေါင်းများစွာ ပါရှိသော ဟိုတယ်ကြီးများ တည် ဆောက်နေ သည့်အပြင် လက်ရှိဟိုတယ်များမှာလည်း အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment