Tuesday 10 September 2013

ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ

Photo: ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ
Tuesday, September 10, 2013

ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ် အနေဖြင့် တိုက်စစ် မှူး နေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏ လက်ထောက် နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ကူးပြောင်းလာသည့် ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် လက်ရှိအချိန်တွင် ရီးယဲလ် အတွက် တစ်ပွဲမျှ မကစားရသေးချေ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ်အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူးအနေဖြင့် ကစားရဖွယ် ရှိနေကြောင်း သိရသည်။ လတ်တလောတွင် ရီးယဲလ်၌ တိုက်စစ်မြားဦးစစ်စစ် ကစားသမားဟူ၍ ကီရင် ဘန်ဇီးမား တစ်ဦးသာ ရှိသည်။

အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန် တီးပေး တဲ့ စွမ်းရည်လည်း မြင့်တယ်။ နောက်ပိုင်းမှာ သူဟာ ဗဟိုကို ပိုပြီး ချဉ်းကပ် ကစားလာတာ သတိထားမိပါတယ်။ ဘေးလ်က စွယ်စုံရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာ သူကစားနိုင်ပါလိမ့်မယ်"ဟု ဖြေကြား ခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီ မှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသားပါ။ ကျွန်တော်တို့မှာ စိတ်လှုပ် ရှားစရာ ကစား သမားကောင်းတွေ ပိုင် ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကို ထင်ရှားတဲ့ အရည် အသွေးကောင်းတွေ ရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့် (၃)ဂိုး သွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ် ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှားစရာပါပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network
ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ်အနေဖြင့် တိုက်စစ်မှူးနေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏လက်ထောက်နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။
အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ကူးပြောင်းလာသည့် ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် လက်ရှိအချိန်တွင် ရီးယဲလ်အတွက် တစ်ပွဲမျှ မကစား ရသေးချေ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင်(၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ် အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူး အနေဖြင့် ကစားရဖွယ်ရှိနေကြောင်း သိရသည်။ လတ်တလောတွင် ရီးယဲလ်၌ တိုက်စစ်မြား ဦးစစ်စစ် ကစားသမားဟူ၍ ကီရင် ဘန်ဇီးမား တစ်ဦးသာ ရှိသည်။

အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန် တီးပေး တဲ့ စွမ်းရည်လည်း မြင့်တယ်။ နောက်ပိုင်းမှာ သူဟာဗဟိုကို ပိုပြီးချဉ်းကပ် ကစားလာတာ သတိထားမိပါတယ်။ ဘေးလ်က စွယ်စုံ ရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာသူကစားနိုင် ပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီမှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသား ပါ။ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ ကစား သမားကောင်းတွေ ပိုင်ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကို ထင်ရှားတဲ့အရည် အသွေးကောင်းတွေရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့်(၃)ဂိုးသွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ်ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှား စရာပါပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments:

Post a Comment