Tuesday 10 September 2013

ကုလသမဂ္ဂမှ ကချင်ဒုက္ခသည် ၃၀၀၀ အတွက် တစ်လစာရိက္ခာ သွားရောက်ထောက်ပံ့

ကုလသမဂ္ဂလက်အောက်မှ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင် လွတ် လပ်ရေး အဖွဲ့ (KIO) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းတစ်ခုသို့ လူ ၃၀၀၀ အတွက် စားနပ်ရိက္ခာတစ်လစာကို စက်တင်ဘာ ၇ ရက် က သွားရောက်ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်ရှိ ကုလ သမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူ ဦးအေးဝင်းက ပြောကြားသည်။

ကုလအဖွဲ့များသည် စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခဲ့ရသည့် ဒုက္ခသည် များကို စားနပ်ရိက္ခာအပြင်တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းများ၊ ဆေး ၀ါးများလည်း ထောက်ပံ့ခဲ့သေးသည်ဟုလည်းဆိုသည်။

“ဒီလိုအခွင့်အရေးရတယ်ဆိုတာ တော်တော်ကြာကြာကြီးနေမှ ကူညီခွင့်ရတယ်။ ကျွန်တော်တို့လည်း ကြိုး စားနေ တာကြာပြီ” ဟု ဦးအေးဝင်းက ဆိုသည်။

ကုလသမဂ္ဂ၏အဖွဲ့အစည်းများ ကချင်ဒုက္ခသည်များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပထမဆုံးအကြိမ် အကူ အညီပေးခဲ့ပြီး တစ်နှစ်နှင့် ကိုးလကြာပြီး မှ ဒုတိယအကြိမ် ပြန်လည်အကူအညီများ ပေးအပ်နိုင်ခြင်းဖြစ်သည်။

အစိုးရသည် ယခင်က KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကချင်ဒုက္ခသည်များကို ကုလသမဂ္ဂအဖွဲ့များ သွားရောက်ကူညီရန် ခွင့်မပြုခဲ့ရာမှ ယခုအကြိမ်ခွင့်ပြုလိုက်ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ ရလဒ်ဖြစ်နိုင်ကြောင်း KIO ၏ ဒုက္ခသည်များ ကူညီရေးကော်မတီတာဝန်ခံ ဦးဒွဲပီဆားက သုံးသပ်သည်။

ကုလသမဂ္ဂ၏အဖွဲ့များသည် ဒုက္ခသည် ၃၀၀၀ အတွက် ကူညီထောက်ပံ့မှုများ ပေးခဲ့သော်လည်း KIO ထိန်းချုပ် နယ်မြေအတွင်း၌ ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့်ရှိနေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းတွင်ပင် ဒုက္ခ သည်နှစ်သောင်းကျော်ရှိသည်ဟု KIO မှ ဗိုလ်မှူးကြီးဇော်ရော် ကပြောသည်။

ကချင်ဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီရာတွင် ကုလ လက်အောက်မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ ကုလကလေး သူငယ်ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး (UNOCHA) စသည် အဖွဲ့အစည်းများမှ လူပေါင်း ၂၆ ဦးပါဝင်ခဲ့ပြီး ၎င်းတို့သည် စက်တင်ဘာ ၉ ရက် ညနေတွင် လိုင်ဇာမြို့မှ ပြန်လည်ထွက်ခွာမည်ဟု ဗိုလ်မှူးကြီးဇော်ရော်ကဆိုသည်။

အဆိုပါ ကုလအဖွဲ့အစည်းများမှ ပုဂ်္ဂိုလ်များသည် ဒုက္ခသည်စခန်းများမှ ပြန်လည်မထွက်ခွာမီ ဒုက္ခသည်များ၏ လိုအပ်ချက်များကို စစ် တမ်းကောက်ယူမှုများ ပြုလုပ်နေသည်ဟုလည်း KIO မှအရာရှိများက ဆိုသည်။ 

Mizzima

No comments:

Post a Comment