Tuesday 10 September 2013

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်

Photo: ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်
 Tuesday, September 10, 2013

ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ခုသွားရောက်မယ့် နိုင်ငံ သုံးနိုင်ငံလုံးဟာ ဆိုဗီယက်ကွန်မြူနစ်လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရက်တစ်စနစ်ကို လေ့လာမှာဖြစ်ပြီး ချက်နိုင်ငံရဲ့ မြို့တော် Prague မြို့မှာ ကျင်းပမယ့် Forum 2000 ညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ညီလာခံအတွင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Forum 2000 ကို ချက်သမ္မတဟောင်း Vaclav Havel က ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဒီမိုကရေစီ မြှင့်တင်ရေး၊ ပြဿနာလျော့ချဖြေရှင်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ရေး အကြောင်းတွေ ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိဖို့ တိုက်တွန်းမှု လုပ်ခဲ့သူတွေထဲမှာ ချက်ပြည်သူ့သမ္မတဟောင်း Vaclav Havel လည်း ပါဝင်ပြီး ချက်သမ္မတဟောင်းဟာ၂၀၁၁ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စင်္ကာပူနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio Australia
ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ခုသွားရောက်မယ့် နိုင်ငံ သုံးနိုင်ငံလုံးဟာ ဆိုဗီယက်ကွန်မြူနစ်လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရက်တစ်စနစ်ကို လေ့လာမှာဖြစ်ပြီး ချက်နိုင်ငံရဲ့ မြို့တော် Prague မြို့မှာ ကျင်းပမယ့် Forum 2000 ညီလာခံကိုလည်း တက်ရောက် မှာဖြစ် ပါ တယ်။

စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ညီလာခံအတွင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Forum 2000 ကို ချက်သမ္မတဟောင်း Vaclav Havel က ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဒီမိုကရေစီ မြှင့်တင်ရေး၊ ပြဿနာလျော့ချဖြေရှင်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ရေး အကြောင်းတွေ ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိဖို့ တိုက်တွန်းမှု လုပ်ခဲ့သူတွေထဲမှာ ချက်ပြည်သူ့သမ္မတဟောင်း Vaclav Havel လည်း ပါဝင်ပြီး ချက်သမ္မတဟောင်းဟာ၂၀၁၁ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စင်္ကာပူနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment