Monday 10 June 2013

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိ

totekowe-june10
ရန်ကင်းကလေး ဆေးရုံကြီး ဆေးကုသဆောင် (၂)တွင် တက်ရောက် ကုသနေသည့် သွေးလွန်တုပ်ကွေး လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ လက်ရှိသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိကြောင်းရန်ကုန်အထွေထွေ ရောဂါကု ဆေး ရုံ သစ်ကြီး ဆေး ကုသဆောင်မှ ဒေါက်တာဇော်သန်းထွန်း ၏ ပြောကြား ချက် အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး ဆေးရုံတက်ရောက် ကုသရသူများအနက် လသားကလေးငယ်မှစ၍ အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများလည်း ပါဝင်နေကြောင်းနှင့် ပြည် သူ့ဆေး ရုံကြီး များအပြင် ပုဂ္ဂလိက ဆေးရုံများတွင်လည်း တက်ရောက်ကုသမှု များပြားလျက်ရှိကြောင်း သိရ သည်။

"မြန်မာတစ်နိုင်ငံလုံးမှာ ဒီနှစ်သွေးလွန်တုပ်ကွေး ဖြစ်နှုန်းများနေတယ်။ သွေးလွန်တုပ်ကွေးက အခု ကလေးတွေမှာတင် မကဘဲ လူလတ်ပိုင်း အရွယ်တွေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခု ဆေးရုံမှာဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူနာတွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာ မြန်မာနိုင်ငံတင် မကဘူး။ တခြားဒေသတွင်း နိုင်ငံတွေမှာလည်း ဖြစ်နှုန်းများနေတယ်လို့ ကြားပါတယ်။ အခု လူကြီးမှာဖြစ် တဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ ဖြစ်သလို ကိုယ်လက်မအီမသာဖြစ်တာ အဆစ်တွေ ကိုက်တာ နာတာမျိုးတွေမဖြစ်ဘူး။ ကလေးတွေမှာပြတဲ့ လက္ခဏာမျိုး လူကြီးတွေမှာ မဖြစ်တဲ့အတွက် သတိထား သင့်ပြီး သံသယ ရှိတယ်ဆိုရင် သွေးစစ်ကြည့်သင့်ပါတယ်။ အခုချိန်ထိ လူကြီးတွေမှာ သွေးလွန် တုပ်ကွေးကြောင့် သေဆုံးမှု မတွေ့ရသေးပါဘူး" ဟု ဒေါက်တာဇော်သန်းထွန်းက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများအနက် အသက် ၅၅ နှစ်အောက် လူကြီးပိုင်းများ အထိ ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် ရောဂါဖြစ်ပွားပြီး သေဆုံးရသူများအနက် ကလေးငယ်များမှာ ပိုမိုများ   ပြားလေ့ ရှိကြောင်း သိရသည်။

တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် အာရှပစိဖိတ် ဒေသများ မှ ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှု ရှိသောဒေသ၏ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းများလာရခြင်း အကြောင်းအရင်းများအနက် လူဦးရေ များပြားလာပြီး မြို့ပြဒေသ များတွင် လူဦးရေ ပိုမိုသိပ်သည်းလာခြင်း၊ အခြားနိုင်ငံများနှင့် ကူးသန်းသွားလာမှု များလာခြင်း၊ ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်း စသည့်အကြောင်းရင်း များကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံ အချို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို စမ်းသပ်လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၌လူများတွင်စမ်းသပ်ပြီး ရလဒ်ကို စောင့်ဆိုင်းလျက်ရှိရာ အောင်မြင်မှု ရှိခဲ့ပါက ပြည်တွင်းဈေး ကွက် သို့ ၂၀၁၅ ခုနှစ်အတွင်း ၀င်လာနိုင်ခြေရှိကြောင်း ဒေါက်တာဇော်သန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group

No comments:

Post a Comment