Monday 10 June 2013

တစ်နိုင်ငံလုံး၌ ပထမ လေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် တစ်ရာကျော်ရှိ

crabindustiral-june10
ဇန်န၀ါရီလ အတွင်းက အောင်မိုးခိုင် ကဏန်းပျော့စက်ရုံတွင် ၀ိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာတစ်နိုင်ငံလုံး၌ ပထမလေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှု ၁၂၇ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများက ဖော်ပြထားသည်။

"လျှပ်စစ်ဓာတ်အား သုံးစွဲပြီး အပူဓာတ်လွန်ကဲမှုတွေကြောင့် မီးလောင်ပါတယ်။ ၀ိုင်ယာကြိုးတွေ၊ မီးပလပ် ခုံတွေ၊ ဆက်စပ်ပစ္စည်းတွေကိုလည်း မိုးရာသီမှာစစ်ဆေးထားသင့်တယ်။ ၀ိုင်ယာကြိုးက သေးသေး၊ မီးအား များများဆိုရင်လည်း Over Load ဖြစ်စဉ်တွေက တက်လာတယ်" ဟု မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားသည်။

အဆိုပါ ပထမလေးလပတ် မီးလောင်ကျွမ်းမှုတွင် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၁၈၀၀၆ ရှိသည်။

မိုးတွင်းကာလတွင် လျှပ်စစ်ကြိုးများနှင့် ဆက်စပ်ပစ္စည်းများကို သေချာစွာ စစ်ဆေးကာ အဟောင်းများ ချို့ယွင်းပစ္စည်းများကို လဲလှယ်အသုံးပြုသင့်ကြောင်း . . . . .

ဆက်လက်၍ ၎င်းကပင် Over Load ဆိုသည်မှာ ၀ိုင်ယာကြိုးအသေးတွင် လျှပ်စစ်ဗို့အား များစွာကို ယူငင်သုံးစွဲမှုကြောင့် ဓာတ်စီးပတ်လမ်း ပြတ်တောက်ကာ မီးလောင်စေကြောင်း၊ လိုအပ်သည်ထက် ပိုမိုသုံးစွဲကာ ပစ္စည်းများ အရည်ပျော်ပြီး မီးလောင်စေကြောင်း ဆိုသည်။

ထို့ကြောင့် မိုးတွင်းကာလတွင် လျှပ်စစ်ကြိုးများနှင့် ဆက်စပ်ပစ္စည်းများကို သေချာစွာ စစ်ဆေးကာ အဟောင်းများ ချို့ယွင်းပစ္စည်းများကို လဲလှယ်အသုံးပြုသင့်ကြောင်း ဦးတင်မင်းက ဆိုသည်။

မေ ၃၁ ရက်ည ၁၁ နာရီခန့်က တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ သံပန်းသံတံခါး လုပ်ငန်းနေအိမ်တွင် လုပ်ငန်းသုံး ပါဝါမီတာမှာ အပူရှိန်လွန်ကဲပြီး ၀ိုင်ယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မေ ၃၀ ရက် ည ၉ နာရီခွဲခန့်က လှိုင်မြို့နယ် ၁၆ ရပ်ကွက်ရှိ ပိုင်ရှင်ဒေါ်တင်အေး၏ စက္ကူစက်ရုံမှ ၀ိုင်ယာရှော့   ဖြစ် ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မေ ၂၃ ရက်က နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့ ရန်အောင် ၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ၀ိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။    
Eleven Media Group

No comments:

Post a Comment