Tuesday 14 May 2013

ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင် ဘုရားဖူးများနဲ့စည်ကား

Photo: ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင် ဘုရားဖူးများနဲ့စည်ကား
Tuesday, May 14, 2013

မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်+ဒေါ်နှင်းဝေတို့ဇနီး မောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကိုကားပေါ်တင်စဉ်ကျောက်တုံး လေးမှာလှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီးဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့်ရာမှ ကျောက်တုံးထဲတွင်ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင်အပူဇော်ခံထားကြောင်းသိရှိရ သည်။

ဘုရားပုံတော်မှာကျောက်တုံးထဲတွင်ထင်ရှားစွာဖူးတွေ့ရသဖြင့် လာရောက်ဖူးမျှော်သူများပြားလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ကျောက်တုံး တွင်းမှထူးဆန်းစွာ ဖြစ်ပေါ်နေသောဘုရားကို ယုံကြည်သူများရှိသလိုစူးစမ်းလေ့လာနေသူများလည်းရှိကြောင်း ဒေသခံတစ်ချို့မှပြောကြားပါသည်။ကျောက်အမျိုးအစားမှာစလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါပေါ်တော်မှုဘုရားကိုဧပြီလ(၂၉)ရက်နေ့ကတွေ့ရှိခဲ့ကြောင်းဦးမောင်မြင့်ကပြောပါတယ်။ယခုအခါဦးမောင်မြင့်မှာရဟန်းခံလျှက်ရှိကြောင်းတွေ့မြင်ခဲ့ရပါသည်။

ငြိမ်းချမ်း(MPA)
The Hot News

မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်+ဒေါ်နှင်းဝေတို့ဇနီး မောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကိုကားပေါ်တင်စဉ်ကျောက်တုံး လေးမှာလှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီးဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့် ရာမှ ကျောက်တုံးထဲတွင်ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်း ရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင် အပူဇော်ခံထားကြောင်းသိရှိရ သည်။
ဘုရားပုံတော်မှာကျောက်တုံးထဲတွင် ထင်ရှားစွာဖူးတွေ့ရသဖြင့် လာရောက်ဖူးမျှော်သူ များပြားလျှက် ရှိကြောင်း တွေ့ ရှိရပါသည်။ကျောက်တုံး တွင်းမှထူးဆန်းစွာ ဖြစ်ပေါ်နေသောဘုရားကို ယုံကြည်သူများ ရှိသလိုစူးစမ်းလေ့လာနေသူများလည်းရှိကြောင်း ဒေသခံတစ်ချို့မှပြောကြားပါသည်။ကျောက်အမျိုးအစားမှာစလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါပေါ်တော်မှုဘုရားကိုဧပြီလ(၂၉)ရက်နေ့ကတွေ့ရှိခဲ့ကြောင်းဦးမောင်မြင့်ကပြောပါတယ်။ယခုအခါဦးမောင်မြင့်မှာရဟန်းခံလျှက်ရှိကြောင်းတွေ့မြင်ခဲ့ရပါသည်။

ငြိမ်းချမ်း(MPA)
The Hot News

No comments:

Post a Comment