Tuesday 14 May 2013

“မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲ သတင်း”


Photo: “မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲသတင်း”

၁၄.၅.၂၀၁၃၊ အင်္ဂါနေ့

မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေးထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

မုန်တိုင်းဗဟိုမှာ (၈၅)မိုင်စက်ဝန်းအတွင်း ရေပြင်၊ မြေပြင်လေတိုက်နှုန်း (၁)နာရီမိုင်(၁၀၀)နှုန်းမှ (၁၄၅) နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း၊ နောက်(၄၈)နာရီအတွင် လှေသင်္ဘောများ ပင်လယ်ပြင်မထွက်ကြရန် နှိုးဆော် ထားကြောင်း၊ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို မရောက်ရှိနိုင်သော်လည်း ပိုမိုအားကောင်းလာနိုင်ဖွယ် ရှိကြောင်း၊ (NDTV)မြန်မာဘင်္ဂလားနှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်စီမံခန့်ခွဲမှုတွေ ကြိုတင်ဆောင်ရွက်ထားရှိကြရန် အဆက်မပြတ် သတိပေးနှိုးဆော်လျှက်ရှိပါသည်။ ။

မြန်မာစံတော်ချိန် ၀၀း၃၀နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်ကမ်းရိုးတန်း၏ အရှေ့ဖက် ၃၄၈-မိုင်၊ မြန်မာနိုင်ငံပုသိမ်မြို့၏ အနောက်တောင်ဖက် ၆၄၇-မိုင်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုရောက်ရှိနေပြီး နောက် ၄၈-နာရီအတွင်း ငပလီကမ်းခြေမှ ၄၃၀-မိုင်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစတကောင်းမြို့၏အနောက်တောင်ဖက် မိုင်၄၀၀ အကွာကို ရောက်ရှိလာမှာဖြစ်ပြီး “မဟာဆန်” ဆိုင်ကလုံးဟာ မြန်မာ့ကမ်းရိုးတမ်းကိုဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းဒေသဆီသို့ ဦးတည်နိုင်ခြေကို အင်္ဂါနေ့ (မေလ-၁၄-ရက်)ကစတင်ပြီး သတိထားစောင့်ကြည့်ရတော့မှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း အနောက်အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်မုန်တိုင်းများ ၀င်ရောက်လာနိုင်ခြေမြင့်မားနေပြီး၊ ရေကြီးမြေပြိုမှုတွေကြုံတွေ့နိုင်တာကြောင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်လိုက်ရပါတယ်။

မြန်မာနိုင်ငံနှင့်ပါတ်သက်၍လည်း……
ရခိုင်ပြည်နယ်မြောက်ပိုင်း သတိပေးအဆင့်ရှိဖို့လိုပြီဖြစ်ကြောင်း MCCW ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
“မဟာဆန်” ဆိုင်ကလုံးမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ကို ရွှေ့လျားနေရာက မေလ ၁၃-ရက်နေ့ နေ့လည်ကစတင်ပြီး မြောက်ဘက်ကို ဦးတည်နေပြီး မေလ ၁၃ရက်နေ့ ညမှာတော့ အရှေ့မြောက်ကို ဦးတည်ရွှေ့လျားတော့မယ့် တစ်ဆစ်ချိုး အပြောင်းအလဲကို ဦးတည်နေတယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထာပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတိပေးအဆင့်ထားဖို့လိုနေပြီး ရခိုင်ကမ်းရိုးတမ်းနဲ့ ဧရာဝတီတိုင်းအနောက်ခြမ်းကိုတော့ နှိုးဆော်အဆင့် သတ်မှတ်ဖို့လိုတယ်လို့ မြန်မာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ စောင့်ကြည့်အဖွဲ့ MCCW က ဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း သတင်းထုတ်ပြန်ချက်(၈/၂၀၁၃) ကို ယမန်နေ့က ထုတ်ပြန်နှိုးဆော်ထားပါသည်။ ။

မြန်မာဓိက
မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယ နိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေး ထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းဗဟိုမှာ (၈၅)မိုင်စက်ဝန်းအတွင်း ရေပြင်၊ မြေပြင်လေတိုက်နှုန်း (၁)နာရီမိုင်(၁၀၀)နှုန်းမှ (၁၄၅) နှုန်းအထိ တိုက် ခတ်နိုင်ကြောင်း၊ နောက်(၄၈)နာရီအတွင် လှေသင်္ဘောများ ပင်လယ်ပြင် မထွက်ကြရန် နှိုးဆော် ထားကြောင်း၊ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို မရောက်ရှိနိုင်သော် လည်း ပိုမိုအားကောင်းလာနိုင်ဖွယ် ရှိကြောင်း၊ (NDTV)မြန်မာဘင်္ဂလားနှစ်နိုင်ငံ နယ်စပ်ဒေသတွေ မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်စီမံခန့်ခွဲမှုတွေ ကြိုတင်ဆောင်ရွက်ထားရှိကြရန် အဆက်မပြတ် သတိပေးနှိုးဆော်လျှက်ရှိပါသည်။ ။

မြန်မာစံတော်ချိန် ၀၀း၃၀နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်ကမ်းရိုးတန်း၏ အရှေ့ဖက် ၃၄၈-မိုင်၊ မြန်မာနိုင်ငံပုသိမ်မြို့၏ အနောက်တောင်ဖက် ၆၄၇-မိုင်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုရောက်ရှိနေပြီး နောက် ၄၈-နာရီအတွင်း ငပလီကမ်းခြေမှ ၄၃၀-မိုင်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစတကောင်းမြို့၏အနောက်တောင်ဖက် မိုင်၄၀၀ အကွာကို ရောက်ရှိလာမှာဖြစ်ပြီး “မဟာဆန်” ဆိုင်ကလုံးဟာ မြန်မာ့ကမ်းရိုးတမ်းကိုဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းဒေသဆီသို့ ဦးတည်နိုင်ခြေကို အင်္ဂါနေ့ (မေလ-၁၄-ရက်)ကစတင်ပြီး သတိထားစောင့်ကြည့်ရတော့မှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း အနောက်အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်မုန်တိုင်းများဝင်ရောက်လာနိုင်ခြေမြင့်မားနေပြီး၊ ရေကြီးမြေပြိုမှုတွေကြုံတွေ့နိုင်တာကြောင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်လိုက်ရပါတယ်။

မြန်မာနိုင်ငံနှင့်ပါတ်သက်၍လည်း……
ရခိုင်ပြည်နယ်မြောက်ပိုင်း သတိပေးအဆင့်ရှိဖို့လိုပြီဖြစ်ကြောင်း MCCW ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
“မဟာဆန်” ဆိုင်ကလုံးမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက် ကို ရွှေ့လျားနေရာ က မေလ ၁၃-ရက်နေ့ နေ့လည်ကစတင်ပြီး မြောက်ဘက်ကို ဦးတည်နေပြီး မေလ ၁၃ရက်နေ့ ညမှာတော့ အရှေ့မြောက်ကို ဦးတည်ရွှေ့လျားတော့မယ့် တစ်ဆစ်ချိုး အပြောင်းအလဲကို ဦးတည်နေတယ် လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထာပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတိပေးအဆင့်ထားဖို့လိုနေပြီး ရခိုင်ကမ်းရိုးတမ်းနဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း ကိုတော့ နှိုးဆော်အဆင့် သတ်မှတ်ဖို့လိုတယ် လို့ မြန်မာ့ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ စောင့်ကြည့်အဖွဲ့ MCCW က ဆိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း သတင်းထုတ်ပြန်ချက် (၈/၂၀၁၃) ကို ယမန်နေ့က ထုတ်ပြန်နှိုးဆော်ထားပါသည်။ ။

မြန်မာဓိက

No comments:

Post a Comment