Tuesday 14 May 2013

မဟာဆန် မုန်တိုင်း မြန်မာနိုင်ငံအထက်ပိုင်းသို့ ဖြတ်သန်းမည်ဟု ခန့်မှန်း

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း သို့ ဖြတ်သန်းမည်။ သို့ဖြစ် ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မင်းကင်းမြို့ ကလေးဝမြို့ ကလေးမြို့ တမူးမြို့ မော် လိုက် မြို့ ဖောင်းပြင်မြို့ ဟုမ္မလင်းမြို့ ခန္တီးမြို့ နယ်များရှိ ပြည်သူများအနေဖြင့် မုန်တိုင်း အန္တရယ် အတွက် အထူး သတိပြုကြရန်လိုအပ်မည်ဖြစ်ပါကြောင်း ထိုအပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် အနီစပ် ဆုံးဖြစ်သော ကနီမြို့ မုံရွာမြို့ ဆားလင်းကြီး ယင်းမာပင် ပုလဲမြို့ နယ်များအနေဖြင့်လည်း အသင့် အနေ အထားတွင်ရှိရန်လိုအပ်မည်ဖြစ်ကြောင်း သလ္လာဝတီ တိုင်းမ် မီဒီယာဂရု မှ လေးစားစွာဖြင့် အစီရင်ခံ တင်ပြအပ်ပါသည်။
JTWC မှ နာရီ ၁၂ဝ အထိ ကြိုတင် ခန့်မှန်းချက်အရ မုန်တိုင်း MAHASEN သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် – ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ အနီးမှ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မော်လိုက်၊ ဘန်းမောက် မြို့များအနီးမှ လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကို ဖြတ်သန်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့အနီးသို့ မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရောက်နိုင်ဘွယ် ရှိကြောင်း ခန့်မှန်းထားပါသည်။

ThanLarWaddy Times
From...ကချင်နေ့စဉ်သတင်း

No comments:

Post a Comment