Thursday 2 May 2013

KIA အဖွဲ့မှမိုင်းများထောင်ထားသောကြောင့် ရွာသားများအခက်တွေ့


မိုးကောင်းမြို့နယ်၊ နွဲလောရွာနှင့် လွယ်စွန်းရွာအနီးပတ်ဝန်းကျင်မှာရှိသည့် ဆိုင်းဒါးတောင်တွင် KIA အဖွဲ့မှ မိုင်းများ ထောင်ထားသဖြင့် ၀ါးခုတ်၊ကြိမ်ခုတ်နေသော ရွာသားများအတွက် အခက်တွေ့နေကြောင်းသိရှိရ ပါသည်။

ရွာသားများအနေဖြင့် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းဖြစ်သည့် ၀ါးခုတ်၊ ကြိမ်ခုတ်လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခြင်းမရှိဘဲ စိုးရိမ်စိတ်များဖြစ်ပေါ်နေကြောင်း၊ မိုင်းနင်းမိရင်လည်း မိမိတို့ ဘဲ ခြေလက် ပြတ် မှု၊ သေဆုံးမှုတွေဖြစ်ပေါ် သော်လည်း သူတို့မိုင်းကို နင်းမိသည့်အတွက် မိုင်းဖိုးပြန်လည် တောင်းခံမှု များဖြစ်နေသောကြောင့် ရွာသားများအနေဖြင့် များစွာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရှိရ ပါသည်။

“ ငါတို့က ဒီဝါးခုတ်၊ ကြိမ်ခုတ်နဲ့ ငါတို့ဝမ်းစာငါတို့ရှာနေရတာဒီကောင်တွေက မိုင်းထောင်ထားတော့ ငါတို့က ဘယ်လို သွားလို့ရတော့မှာလဲ၊ ငါတို့ကိုဒီကောင်တွေက ထမင်းလာကျွေးတာမဟုတ်ဘူး၊ ငါတို့ဆီကနေဘဲ လာလာတောင်းစား နေ တာ၊ ပြောတော့ ငါတို့ကချင်တွေကိုချစ်တယ်ဆိုပြီးဘဲ ပြောနေတာ ဒီကောင်တွေ လုပ် နေတာ ငါတို့ကချင်တွေကို သတ်နေ တာ ” ဟု လွယ်စွန်းရွာမှာ ဦးလဂျာခေါင်က ပြောပြခဲ့ပါသည်။
 
From...ကချင်နေ့စဉ်သတင်း

No comments:

Post a Comment