Thursday 2 May 2013

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှုမူလထက် တစ်နာရီ ထပ်မံ တိုးမြှင့်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကူးစက်လာမှု မရှိစေရေးအတွက် ကြို တင်ကာကွယ်သည့်အနေဖြင့်ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ကန့်သတ်ထားရာမှ ယခုအခါည ၁၀ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရန် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးကပဲခူးတိုင်းဒေသကြီးအတွင်း တိုင်း၊ခရိုင်၊ မြို့နယ်အလိုက် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးလုပ်ငန်းကော်မတီအဖွဲ့များက ကွင်း ဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ကသာယာဝတီမြို့ ညောင်လေးပင်ကျေးရွာ အနောက်ဘက်ရှိ ဆည်မြောင်းတံတားအနီးတွင် မီးရှို့ရန်ကြံစည်နေသည့်မသင်္ကာဖွယ် လူတစ်စုကိုတွေ့ရှိသည့်အတွက် တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးအရေးယူမှုလည်းပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။

“မှိန်းတွေလည်းပါတယ်။ ဒီဇယ်ပုံးတွေနဲ့ ခေါင်းဆောင်သုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ”ဟု ၎င်းက ပြောသည်။
MTA

Popular myanmar news journal

No comments:

Post a Comment