Monday 9 December 2013

အနုပညာ အရည်အချင်း ပြည့်ဝသူများနဲ့စုစည်းထားတဲ့ VIXX Boy Band

Photo: အနုပညာ အရည်အချင်း ပြည့်ဝသူများနဲ့စုစည်းထားတဲ့ VIXX Boy Band

Monday, 09 December 2013

၂ဝ၁၂ ခုနှစ်မှ စတင်ပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ VIXX Boy Band ဟာ လက်ရှိအနုပညာ သက်တမ်းမှာ တစ်နှစ်ကျော် ရှိပါပြီ။ စုစုပေါင်း အဖွဲ့ဝင်ခြောက်ဦး ပါဝင်ပြီး Jellyfi sh Entertainment ကနေ စင်တင်ပေးလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကတော့ N, Leo, Ken, Ravi, Hong Bin, Hyuk တို့ပဲ ဖြစ်ပါတယ်။ VIXX အဖွဲ့သားတွေဟာ သူတို့နဲ့အတူ ယှဉ်ပြိုင်တဲ့ သူတွေကို ဖြတ်ကျော်ပြီး နောက်ဆုံး ခြောက်ဦးအဖြစ် အရည်အချင်း ပြည့် ရွေးချယ် ခံထားရသူများလည်း ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သူကတော့ N ပဲ ဖြစ်ပါတယ်။ နာမည်အရင်း ကတော့ Cha Hak Yeon ဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ် ဇွန် ၃ဝ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါးအပြင် မွေးချင်း အစ်မတစ်ယောက်နဲ့ ညီလေးတစ်ယောက် ရှိပြီး Big Bang Boy Band နဲ့ အဆိုတော် Beyonce ကတော့ သူ့အကြိုက် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့ဝင်တစ်ဦးနဲ့ မိတ်ဆက် ပေးရမယ်ဆိုရင် အဖွဲ့ထဲမှာ အဓိက အဆိုရှင်အဖြစ် တာဝန် ယူထားသူ Leo ပဲဖြစ်ပါတယ်။ Leo ကို ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာ ၁ဝ ရက်မှာ မွေးဖွား ခဲ့ပါတယ်။

နာမည်အရင်း ကတော့ Jung Taek Woon  ဖြစ်ပြီး အရပ်အမြင့် ၁၈၃ စင်တီမီတာ ရှိပါတယ်။ အသံကောင်းသူ တစ်ယောက်အဖြစ် လူသိများသူကတော့ Ken ပဲဖြစ်ပါတယ်။ နာမည်ရင်းကတော့ Lee Jae Hwan ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၆ ရက်မှာ မွေးဖွားခဲ့သူပါ။ မိဘနှစ်ပါးနဲ့ မွေးချင်းအစ်ကို နှစ်ယောက်ရှိပါတယ်။ အရပ်အမြင့် ၁၈ဝ စင်တီမီတာရှိပြီး ABသွေးအမျိုးအစား ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ နောက်ထပ် အဖွဲ့ဝင် တစ်ဦးကတော့ Ravi ပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာတော့ အဓိက အကပညာရှင်နဲ့ ရက်ပ်စာသားကို သီဆိုသူ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းကတော့ Kim Won Shik ပဲဖြစ်ပါတယ်။ံ Howon University မှာ ပညာ သင်ကြားနေပါတယ်။

အဖွဲ့ထဲမှာ ရုပ်ရည် အချောဆုံးနဲ့ မိန်းကလေး ပရိသတ် အများဆုံး ပိုင်ဆိုင်ထားတဲ့ သူကတော့ Lee Hong Bin ပဲဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အရပ်အမြင့် ၁၈၁ စင်တီမီတာ ရှိပါတယ်။ ဓာတ်ပုံရိုက်ခြင်းနဲ့ Basketball ကစားခြင်း တွေကတော့ သူ့ရဲ့ ဝါသနာတွေပါ။

အဖွဲ့ထဲမှာ အသက်အငယ်ဆုံး ဖြစ်ပေမဲ့ လူကြီးဆန်တဲ့ အနေအထိုင် ရှိသူကတော Han Sang Hyuk ပဲဖြစ်ပါတယ်။ Hanlim Arts High School မှာ ပညာသင်ကြားနေပြီး အဖွဲ့ထဲမှာတော့ အဆိုနဲ့အကကို တာဝန်ယူထားသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၅ ရက်မှာ မွေးဖွားခဲ့သူမို့ လက်ရှိအသက်မှာ ၁၈ နှစ်ရှိပါပြီ။

၂ဝ၁၂ ခုနှစ်မှာ Super Hero ကို ဖြန့်ချိခဲ့ပါတယ်။ Second Min Album ဖြစ်တဲ့ Rock Ur Body အခွေကိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်မှာ ဖြန့်ချိခဲ့ပါတယ်။ Gaon Chart မှာ နံပါတ်ကိုး နေရာကို ရရှိခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် နှစ်ဦးမှာ On and On အမည်ရှိ အခွေကို ဖြန့်ချိခဲ့ပြီး Gaon Weekly မှာ နံပါတ်လေး နေရာကို ရခဲ့တဲ့အပြင် Gaon Monthly နံပါတ် ခုနစ်နေရာကို ရရှိခဲ့ပြန်ပါတယ်။ VIXX  ရဲ့ Album အသစ်ဖြစ်တဲ့ Jekyll ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီ Album မှာ ပါဝင်တဲ့ G.R.8.U သီချင်းဟာ Post Chart Position မှာ နံပါတ် ၁ဝ ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပရိသတ်တွေအတွက် MTV Diary အစီအစဉ်ကိုလည်း ရိုက်ကူးခဲ့ပါတယ်။ Fan တွေ နှစ်သက်ခဲ့တဲ့ အစီအစဉ် ကောင်းလေးတစ်ခု အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ။


http://www.myawady.net.mm/artcorner/item/32121-2013-12-09-13-41-05
၂ဝ၁၂ ခုနှစ်မှ စတင်ပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ VIXX Boy Band ဟာ လက်ရှိအနုပညာ သက်တမ်းမှာ တစ်နှစ်ကျော် ရှိပါပြီ။ စုစုပေါင်း အဖွဲ့ဝင်ခြောက်ဦးပါဝင်ပြီး Jellyfi sh Entertainment ကနေ စင်တင်ပေးလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေကတော့ N, Leo, Ken, Ravi, Hong Bin, Hyuk တို့ပဲ ဖြစ်ပါတယ်။ VIXX အဖွဲ့သားတွေဟာ သူတို့နဲ့အတူ ယှဉ်ပြိုင်တဲ့ သူတွေကို ဖြတ်ကျော်ပြီး နောက်ဆုံး ခြောက်ဦးအဖြစ် အရည်အချင်း ပြည့် ရွေးချယ် ခံထားရသူများလည်း ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သူကတော့ N ပဲ ဖြစ်ပါတယ်။ နာမည်အရင်း ကတော့ Cha Hak Yeon ဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ် ဇွန် ၃ဝ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါးအပြင် မွေးချင်း အစ်မ တစ်ယောက်နဲ့ ညီလေးတစ်ယောက် ရှိပြီး Big Bang Boy Band နဲ့ အဆိုတော် Beyonce ကတော့ သူ့အကြိုက် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့ဝင်တစ်ဦးနဲ့ မိတ်ဆက် ပေးရမယ်ဆိုရင် အဖွဲ့ထဲမှာ အဓိက အဆိုရှင်အဖြစ် တာဝန် ယူထားသူ Leo ပဲဖြစ်ပါတယ်။ Leo ကို ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာ ၁ဝ ရက်မှာ မွေးဖွား ခဲ့ပါတယ်။

နာမည်အရင်း ကတော့ Jung Taek Woon ဖြစ်ပြီး အရပ်အမြင့် ၁၈၃ စင်တီမီတာ ရှိပါတယ်။ အသံကောင်းသူ တစ်ယောက်အဖြစ် လူသိများသူကတော့ Ken ပဲဖြစ်ပါတယ်။ နာမည်ရင်းကတော့ Lee Jae Hwan ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၆ ရက်မှာ မွေးဖွားခဲ့သူပါ။ မိဘနှစ်ပါးနဲ့ မွေးချင်းအစ်ကို နှစ်ယောက်ရှိပါတယ်။ အရပ်အမြင့် ၁၈ဝ စင်တီမီတာရှိပြီး ABသွေးအမျိုးအစား ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ နောက်ထပ် အဖွဲ့ဝင် တစ်ဦးကတော့ Ravi ပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာတော့ အဓိက အကပညာရှင်နဲ့ ရက်ပ်စာသားကို သီဆိုသူ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းကတော့ Kim Won Shik ပဲဖြစ်ပါတယ်။ံ Howon University မှာ ပညာ သင်ကြားနေပါတယ်။

အဖွဲ့ထဲမှာ ရုပ်ရည် အချောဆုံးနဲ့ မိန်းကလေး ပရိသတ် အများဆုံး ပိုင်ဆိုင်ထားတဲ့ သူကတော့ Lee Hong Bin ပဲဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အရပ်အမြင့် ၁၈၁ စင်တီမီတာ ရှိပါတယ်။ ဓာတ်ပုံရိုက်ခြင်းနဲ့ Basketball ကစားခြင်း တွေကတော့ သူ့ရဲ့ ဝါသနာတွေပါ။

အဖွဲ့ထဲမှာ အသက်အငယ်ဆုံး ဖြစ်ပေမဲ့ လူကြီးဆန်တဲ့ အနေအထိုင် ရှိသူကတော Han Sang Hyuk ပဲဖြစ်ပါတယ်။ Hanlim Arts High School မှာ ပညာသင်ကြားနေပြီး အဖွဲ့ထဲမှာတော့ အဆိုနဲ့အကကို တာဝန်ယူထားသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၅ ရက်မှာ မွေးဖွားခဲ့သူမို့ လက်ရှိအသက်မှာ ၁၈ နှစ်ရှိပါပြီ။

၂ဝ၁၂ ခုနှစ်မှာ Super Hero ကို ဖြန့်ချိခဲ့ပါတယ်။ Second Min Album ဖြစ်တဲ့ Rock Ur Body အခွေကိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်မှာ ဖြန့်ချိခဲ့ပါတယ်။ Gaon Chart မှာ နံပါတ်ကိုး နေရာကို ရရှိခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် နှစ်ဦးမှာ On and On အမည်ရှိ အခွေကို ဖြန့်ချိခဲ့ပြီး Gaon Weekly မှာ နံပါတ်လေး နေရာကို ရခဲ့တဲ့အပြင် Gaon Monthly နံပါတ် ခုနစ်နေရာကို ရရှိခဲ့ပြန်ပါတယ်။ VIXX ရဲ့ Album အသစ်ဖြစ်တဲ့ Jekyll ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီ Album မှာ ပါဝင်တဲ့ G.R.8.U သီချင်းဟာ Post Chart Position မှာ နံပါတ် ၁ဝ ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပရိသတ်တွေအတွက် MTV Diary အစီအစဉ်ကိုလည်း ရိုက်ကူးခဲ့ပါတယ်။ Fan တွေ နှစ်သက်ခဲ့တဲ့ အစီအစဉ် ကောင်းလေးတစ်ခု အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

မြ၀တီ

No comments:

Post a Comment