Monday 9 December 2013

၂ဝ၁၄ ခုနှစ် မတ်လတွင် INTERNATIONAL MONETARY FUNG အနေဖြင့် မြန်မာနိုင်ငံသို့ အခွန်ဆိုင်ရာ ပညာရှင်များ စေလွှတ်ရန် စီစဉ်လျက်ရှိ

လာမည့် ၂ဝ၁၄ ခုနှစ် မတ်လတွင် INTERNATIONAL MONETARY FUNG အနေဖြင့် မြန်မာနိုင်ငံသို့ အခွန် ဆိုင်ရာ ပညာရှင်များ စေလွှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း INTERNATIONAL MONETARY FUNG မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများတွင် အခွန် ပြောင်းလဲမှု ကဏ္ဍသည် အလွန် အရေးပါသည့် အချက်တစ်ခု ဖြစ်သည့် အတွက် INTERNATIONAL MONETARY FUNG အနေဖြင့် အခွန်ဆိုင်ရာ ပညာရှင်များ စေလွှန်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြခဲ့သည်။

ငွေကြေးဆိုင်ရာ တစ်ပြေးညီ ငွေလဲနှုန်းများ သတ်မှတ်နိုင်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုများ ရလာ ခြင်းနှင့် ဘဏ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ခိုင်မာအောင် လုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံ အတွက် စိတ်ချရ၍ တည်ငြိမ်သည့် ဘဏ် အခြေအနေကို ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အမြန် ဆောင်ရွက်ရန် မလိုသလို မှန်ကန်သည့် နှုန်းထားဖြင့်သာ တည်ငြိမ်မှု ရှိပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိချယ်ရီအောင်

မြ၀တီ

No comments:

Post a Comment