Friday 20 December 2013

တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့

Photo: တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့
Friday, December 20, 2013

ပြည်သူလူထူအား ကျန်း မာရေး စောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များ၊ ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း များ၊ နိုင်ငံတကာလူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကနှင့် ဘာသာရေးအသင်းအဖွဲ့များက အနောက်တိုင်း ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေ သကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော် ခန်း မ၌ကျင်း ပသော ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများသို့ အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာ ဖြန့်ဝေသည့် အခမ်းအနားတွင် ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက ဆက်လက်၍ ကျန်းမာရေးစောင့် ရှောက်မှု အလှမ်းကွာဝေးသည့် နယ်စပ်ဒေသနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသများအထိ အနောက်တိုင်းဆေးပညာသာမက တိုင်းရင်းဆေးပညာ အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ပေးနိုင်စေရန် တိုင်းရင်းဆေးပညာ သင်တန်းများ၊ ကျန်းမာရေးပညာပေး ဟောပြောမှုများ၊ ကွင်းဆင်းကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာ့တိုင်းရင်းဆေးဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရေးပေါ်သုံး တိုင်းရင်းဆေးသေတ္တာများ ကို ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်စီမံချက်ချဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာရှိ ကျေးရွာများ အားလုံး၏ ငါးပုံ၊ တစ်ပုံကို ဖြန့်ဝေနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်းရှိ ကျေးရွာတိုင်းတွင် ဆေးသေတ္တာ တစ်ခုစီ ရောက်ရှိရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာတို့က ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာများကို ပေးအပ်ကြပြီး Nippon Foundation မှ Mr. Takasuki Nakajima နှင့် ညွှန်ကြားရေးမှူးချုပ်များက တနိုင်း၊ မန်စီ၊ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့ တိုင်းရင်းဆေးသေတ္တာများကို ပေးအပ်ကြသည်။၂၀၁၀ ပြည့်နှစ်က ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ မြန်မာ့တိုင်းရင်းဆေး သေတ္တာ ၅၀၀ ကို ပထမအကြိမ်အဖြစ် ဖြန့်ဝေခဲ့ပြီး ယခုအခါ ကျန်ရှိသော ကျေးရွာပေါင်း ၁၄၁၃ ရွာသို့ ဆက်လက် ဖြန့်ဝေပေးခြင်းဖြစ်သည်။

အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာတွင် ပါဝင်သည့် ဆေးဝါးများသည် ခေတ်မီနည်းပညာများဖြင့် သုတေသနပြုလုပ်၍ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့ အသုံးပြုနေသည့် ဆေးဝါးများ ဖြစ်ပြီး ကိုင်တွယ်ထိန်းသိမ်းမည့် တာဝန်ခံများကို စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချပြီး ဖြစ်ရာ အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာကို ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲခြင်းအားဖြင့် ကျေးလက်ဒေသ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
ပြည်သူလူထူအား ကျန်း မာရေး စောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုရေးအသင်းအဖွဲ့ များ၊ ပုဂ္ဂလိကနှင့် ဘာသာရေးအသင်းအဖွဲ့များက အနောက်တိုင်း ဆေးဝါးများဖြင့် ကျန်း မာရေးစော င့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါး များဖြင့် ကျန်း မာရေးစောင့်ရှောက် မှု ပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဖေသက်ခင်က ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ကျင်း ပသော ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများသို့ အရေးပေါ်သုံး မြန်မာ့တိုင်း ရင်းဆေးသေ တ္တာ ဖြန့်ဝေသည့် အခမ်းအနားတွင် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ ကျန်းမာရေးစောင့် ရှောက်မှု အလှမ်းကွာဝေးသည့် နယ်စပ်ဒေ သနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသများအထိ အနောက်တိုင်းဆေးပညာသာမက တိုင်းရင်းဆေး ပညာ အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ပေးနိုင်စေရန် တိုင်းရင်းဆေးပညာ သင်တန်း များ၊ ကျန်းမာရေးပညာပေး ဟောပြောမှုများ၊ ကွင်းဆင်းကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း။ မြန်မာ့တိုင်းရင်းဆေးဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင် ရွက်ရာတွင် အရေးပေါ်သုံး တိုင်းရင်းဆေးသေတ္တာများကို ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်စီမံချက်ချဆောင်ရွက် ခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာရှိ ကျေးရွာများ အားလုံး၏ ငါးပုံ၊ တစ်ပုံကို ဖြန့်ဝေနိုင် ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်းရှိ ကျေးရွာတိုင်းတွင် ဆေးသေတ္တာ တစ်ခုစီ ရောက်ရှိရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာတို့က ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာ များကို ပေးအပ်ကြပြီး Nippon Foundation မှ Mr. Takasuki Nakajima နှင့် ညွှန်ကြားရေးမှူးချုပ်များက တနိုင်း၊ မန်စီ၊ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့ တိုင်းရင်းဆေးသေတ္တာများကို ပေးအပ်ကြသည်။၂၀၁၀ ပြည့်နှစ်က ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများ သို့ မြန်မာ့တိုင်းရင်းဆေး သေတ္တာ ၅၀၀ ကို ပထမအကြိမ်အဖြစ် ဖြန့်ဝေခဲ့ပြီး ယခုအခါ ကျန်ရှိသော ကျေးရွာပေါင်း ၁၄၁၃ ရွာသို့ ဆက်လက် ဖြန့်ဝေပေးခြင်းဖြစ်သည်။

အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာတွင် ပါဝင်သည့် ဆေးဝါးများသည် ခေတ်မီနည်းပညာများဖြင့် သုတေသနပြုလုပ်၍ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့ အသုံးပြုနေသည့် ဆေးဝါးများ ဖြစ်ပြီး ကိုင်တွယ်ထိန်းသိမ်းမည့် တာဝန်ခံများကို စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချပြီး ဖြစ်ရာ အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာကို ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲခြင်းအားဖြင့် ကျေးလက်ဒေသ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment