Saturday 14 September 2013

အွန်လိုင်းမှ တစ်ဆင့် ဥပဒေဒီပလိုမာ ရယူနိုင်

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၌ပညာရေးကိုအားပေးအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိချိန်ဖြစ်သည်။
ယင်းနှင့်အတူ ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာဌာနက အွန်လိုင်းမှတစ်ဆင့် ဥပဒေ ဒီပလိုမာ သင်တန်းကို ၂၀၁၃ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ “၂၀၁၂ ခုနှစ်မှစပြီး အွန်လိုင်းကတစ်ဆင့် ဥပဒေဒီပလိုမာ သင်တန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ 

အဲဒီဒီပလိုမာသင်တန်းကို နှစ်ဝက်စာသင်ကာလ နှစ်ခုခွဲထားပြီးတစ်ခုကို ငါးလသတ်မှတ်ကာ ပထမနှစ် ဝက်မှာ ဘာသာရပ် ငါးခုသင်ကြားပြီး ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန် ပြဋ္ဌာန်း ထားပါတယ်။ ဒုတိယနှစ်ဝက်မှာလည်း ဥပဒေပညာရပ်လေးခု ပြဋ္ဌာန်းသင်ကြားပေးပြီး အဲဒီအနက် ဥပဒေ ဘာသာရပ်တစ်ခုကို စာတမ်းပြုစု တင်ပြရပါတယ်” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာဌာန ပါမောက္ခဒေါက်တာ ဒေါ်မမလေးက ပြောကြားသည်။ စာမေးပွဲဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများ အတွက် ပိုမိုအဆင်ပြေစေရန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ပေးထားကြောင်း၊ ယခုနှစ်တွင် ဒုတိယအသုတ် ဒီပလိုမာသင်တန်း ပထမနှစ်ဝက် ဖြေဆိုသူ ၁၀၀ ကျော်ရှိပြီး ပထမအသုတ် ဒီပလိုမာသင်တန်း ဒုတိယနှစ်ဝက်ဖြေဆိုသူ ၅၄ ဦး ရှိကြောင်း၊ ဖြေဆိုပြီး ရက်ပိုင်းအတွင်း၌ ရလဒ်များကို Online ၌ ထုတ်ပြန်ပေး မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ ဒီပလိုမာကို www.yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ကျန် ဘာသာရပ်များလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင်ပြင်လ ဆင် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

No comments:

Post a Comment