Tuesday 3 September 2013

အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ

Photo: အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ
Tuesday, September 03, 2013 

အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အလုပ်ရှင် အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမ စစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်း လေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင် အစီရင်ခံစာ၏ အလုပ်ချိန် သတ်မှတ်ခြင်းနှင့် အချိန်ပို သတ်မှတ်မှုတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင် အလုပ်သမားများအား ''နေ့လယ် ထမင်းစားချိန် ၁ နာရီ သို့မဟုတ် ၄၅ မိနစ်မှလွဲ၍ နံနက် ၈ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ၁၂ နာရီခန့် ရပ်လျက် အနေအထားဖြင့် အလုပ်လုပ် ကြရသည်ကို လေ့လာရှိရသည်'' ဟု ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စမှာ ILO Convention 1, Article 2 နှင့် ဆန့်ကျင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသည်ဟု လည်းကောင်း၊ ထို့အတွက် အလုပ်သမား အတော်များများမှာ ကျန်းမာရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အား လျော့ကျနေသည်ကို တွေ့မြင်ခဲ့ရသည် ဟုလည်း ဆက်လက်၍ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင်လည်း နိုင်ငံခြားသား အလုပ်ရှင် အချို့သည် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်ကြပ်များ ဖြစ်သော Leader, Supervisor များ ခန့်ထားမှုကြောင့် ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများကြောင့် ပြဿနာများ အစပြု အခြေတည်လာကြောင်း တွေ့ရှိရသည် ဟုလည်း ထည့်သွင်းထားသည်။

ထို့ထက်ပို၍ လုပ်ခလစာ ပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများသည် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး နှိမ့်ထားသည့် အခြေခံ လုပ်အားခဖြင့် အချိန်ပိုလုပ်ခကို အခြေခံ တွက်ချက် ပေးချေသည့် အတွက်လည်း အချိန်ပိုမှာ နည်းပါးကြောင်း၊ ထိုသို့ ပြုလုပ်ကာ အချိန်ပိုကြေးကို တမင်နည်းအောင် လုပ်ထားသည်ဟုလည်း ထည့်သွင်း ထားသည်။

လုပ်ခပြဿနာ အတွက် အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် စက်ရုံအလုပ်ရုံများ လုပ်အားခ ပေးရာတွင် လုပ်သားများ၏ အခြေခံလစာမှာ တစ်လလုံး ပျက်ရက်လုံးဝမရှိ၊ အထည်ချုပ် စက်ရုံများဆိုလျှင် သတ်မှတ်ထားသည့် အထည်အရေအတွက် အပြီးချုပ်နိုင်မှု စသည်တို့အတွက် အပါအ၀င်ဆိုမှ တစ်လလျှင် ကျပ် ၄၇၀၀၀ နီးပါးသာ ရကြောင်းလည်း သိရသည်။

Eleven Media Group

သြဂုတ် နောက်ဆုံးပတ်က လှိုင်သာယာ စက်မှုဇုန်ရှိ မင်းဇာနည် အအေးခန်းစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

http://www.myanmaronlinenews.net/2013/09/blog-post_3264.html
အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေ သည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အလုပ်ရှင် အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမ စစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်း လေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင် အစီရင်ခံစာ၏ အလုပ်ချိန် သတ်မှတ်ခြင်းနှင့် အချိန်ပို သတ်မှတ်မှုတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင် အလုပ်သမားများအား ''နေ့လယ် ထမင်းစားချိန် ၁ နာရီ သို့မဟုတ် ၄၅ မိနစ်မှလွဲ၍ နံနက် ၈ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ၁၂ နာရီခန့် ရပ်လျက် အနေအထားဖြင့် အလုပ်လုပ် ကြရသည်ကို လေ့လာရှိရသည်'' ဟု ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စမှာ ILO Convention 1, Article 2 နှင့် ဆန့်ကျင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသည်ဟု လည်းကောင်း၊ ထို့အတွက် အလုပ်သမား အတော်များများမှာ ကျန်းမာရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အား လျော့ကျနေသည်ကို တွေ့မြင်ခဲ့ရသည် ဟုလည်း ဆက်လက်၍ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင်လည်း နိုင်ငံခြားသား အလုပ်ရှင် အချို့သည် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်ကြပ်များ ဖြစ်သော Leader, Supervisor များ ခန့်ထားမှုကြောင့် ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများကြောင့် ပြဿနာများ အစပြု အခြေတည်လာကြောင်း တွေ့ရှိရသည် ဟုလည်း ထည့်သွင်းထားသည်။

ထို့ထက်ပို၍ လုပ်ခလစာ ပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများသည် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး နှိမ့်ထားသည့် အခြေခံ လုပ်အားခဖြင့် အချိန်ပိုလုပ်ခကို အခြေခံ တွက်ချက် ပေးချေသည့် အတွက်လည်း အချိန်ပိုမှာ နည်းပါးကြောင်း၊ ထိုသို့ ပြုလုပ်ကာ အချိန်ပိုကြေးကို တမင်နည်းအောင် လုပ်ထားသည်ဟုလည်း ထည့်သွင်း ထားသည်။

လုပ်ခပြဿနာ အတွက် အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် စက်ရုံအလုပ်ရုံများ လုပ်အားခ ပေးရာတွင် လုပ်သားများ၏ အခြေခံလစာမှာ တစ်လလုံး ပျက်ရက်လုံးဝမရှိ၊ အထည်ချုပ် စက်ရုံများဆိုလျှင် သတ်မှတ်ထားသည့် အထည်အရေအတွက် အပြီးချုပ်နိုင်မှု စသည်တို့အတွက် အပါအ၀င်ဆိုမှ တစ်လလျှင် ကျပ် ၄၇၀၀၀ နီးပါးသာ ရကြောင်းလည်း သိရသည်။

Eleven Media Group

သြဂုတ် နောက်ဆုံးပတ်က လှိုင်သာယာ စက်မှုဇုန်ရှိ မင်းဇာနည် အအေးခန်းစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

No comments:

Post a Comment