Tuesday 3 September 2013

မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

malaysia, myanmar
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသားတွေအကြား ပြဿနာဖြစ်တဲ့အတွက် မလေးရှားမှာ ဖမ်းဆီးမှုတွေရှိခဲ့  

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ  ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီးထားပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ ​တော့မယ်လို့ ​သိရပါတယ်။မလေးရှားနိုင်ငံက ​လူဝင်မှု ​ကြီးကြပ်ရေးတွေ၊ ​ပြည်သူ့စစ်တွေနဲ့ ​ရဲတွေ ​ပူးပေါင်းပြီး ​ပြည်ပကနေ ​တရားမဝင် ​အလုပ်လုပ်ကိုင်နေတဲ့ ​အလုပ် ​သမားတွေရှိရာ ​ဆောက်လုပ်ရေး ​လုပ်ငန်းခွင်၊ ​စိုက်ပျိုးရေးခြံတွေနဲ့ ​အဖြစ်သဘောသာ ​ဆောက်ထားတဲ့ ​တဲအိမ်တွေမှာ ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​ပြုလုပ်နေတာ ​ဖြစ်ပါတယ်။
ဒီလို ​ဖမ်းဆီးမှုမျိုးကို ​၃ ​လ ​ကြာ ​ပြုလုပ်ဖို့ရှိပြီး ​မလေးရှားနိုင်ငံတွင်း ​တရားမဝင်နေထိုင်နေကြတဲ့ ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးဖို့ ​ရည်ရွယ်ထားတာ ​ဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးမှုအတွင်း ​မြန်မာနိုင်ငံသား ​၂၀၀ ​လောက် ​ဖမ်းဆီးခံခဲ့ရတယ်လို့ ​သိရပြီး ​ကျန်ရှိသူ ​အများစုက ​တောထဲမှာ ​ပုန်းအောင်းနေကြတယ်လို့ ​သိရပါတယ်။
မလေးရှားနိုင်ငံမှာ ​အင်ဒိုနီးရှား၊ ​ဖိလိပိုင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေ ​တရားဝင်အနေနဲ့ရော ​တရားမဝင်အနေနဲ့ပါ ​အလုပ်လုပ်ကိုင်နေကြတာ ​ဖြစ်ပါတယ်။
ပြည်ပကနေ ​အဆမတန် ​ဝင်လာတဲ့ ​အလုပ်သမားတွေကြောင့် ​မလေးရှားနိုင်ငံမှာ ​အလုပ်သမားပိုလျံမှု ​ပြဿနာတွေ၊ ​စီးပွားရေး ​ကျဆင်းမှုတွေ ​ကြုံနေရတဲ့အပြင် ​ရာဇာဝတ်မှုတွေပါ ​များလာတဲ့အတွက်ကြောင့် ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ​တရားမဝင် ​အလုပ်လုပ်နေသူပေါင်း ​ခုနှစ်သိန်းရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia

No comments:

Post a Comment