Thursday 8 August 2013

တနင်္သာရီမြစ်ရေကျ၊ ရေဘေးသင့် သူများအိမ်ပြန်

Photo: တနင်္သာရီမြစ်ရေကျ၊ ရေဘေးသင့်သူများအိမ်ပြန်
Thursday, August 08, 2013

တနင်္သာတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေ ကျဆင်းသွားပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူ
များ သြဂုတ်လ ၅ ရက်နေ့တွင် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ် ခုနှင့် ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ ၂၀၆၇ ဦးတို့ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြ ရကြောင်း၊ သြဂုတ် လ ၅ ရက်နေ့ ညနေပိုင်းတွင် မြစ်ရျေဆင်းသွားသဖြင့် ရေဘေးသင့်ပြည်သူများ
နေရပ်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။

“ဒီနှစ် တနင်္သာရီမြစ်ရေ ၂၅ ပေ ခွဲလောက် မြင့်တက်ခဲ့ပြီး လယ်ဧက တစ်သောင်းကိုးထောင်ကျော် ရေလွှမ်းခဲ့တယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှု သိပ်မရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၄ ရက်နေ့မှစပြီး မြစ်ရေသည် တစ်နာရီလျှင် တစ်ပေနှုန်း ကျဆင်းကာ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် တနင်္သာရီမြစ်ရေသည် ၁၆ ပေသာ ကျန်တော့သည်ဟု ကယ်ဆယ်ရေးစခန်း အချို့ထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တနင်္သာရီမြစ် ရေစီးသန်ခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ၁၀ ရက်ခန့် နေထိုင်ရမည်ဟု ခန့်မှန်း
ထားသော်လည်း ရေကျမြန်သဖြင့် ငါးရက်ခန့်သာ နေရကြောင်း
ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ်ရေကြီးတုန်းက ကယ်ဆယ်ရေးစခန်းမှာ ခုနစ်ရက်လောက် နေခဲ့
ရတယ်” ဟု ၎င်းကဆိုသည်။

ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာဌာနများက ဆန်၊ ဆီ၊
ခေါက်ဆွဲခြောက်စသည့် လိုအပ်ပစ္စည်းများကို ငါးရက်စာ ပေးဝေထား
သည်ဟု မြို့ခံအချို့က ပြောပြသည်။ တနင်္သာရီမြို့သည် နှစ်စဉ် နှစ်တိုင်း
နီးပါး မြစ်ရေကြီးလေ့ ရှိသည်။

Dawei Watch
The Voice Weekly
တနင်္သာတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေ ကျဆင်းသွားပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများ သြဂုတ်လ ၅ ရက်နေ့တွင် နေရပ်သို့ ပြန်သွား ပြီ ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ် ခုနှင့် ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ ၂၀၆၇ ဦးတို့ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြ ရကြောင်း၊ သြဂုတ် လ ၅ ရက်နေ့ ညနေပိုင်းတွင် မြစ်ရျေဆင်းသွားသဖြင့် ရေဘေးသင့်ပြည်သူများ နေရပ်သို့ ပြောင်းရွှေ့ ခဲ့ကြသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။

“ဒီနှစ် တနင်္သာရီမြစ်ရေ ၂၅ ပေ ခွဲလောက် မြင့်တက်ခဲ့ပြီး လယ်ဧက တစ်သောင်း ကိုးထောင်ကျော် ရေ လွှမ်းခဲ့တယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှု သိပ်မရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၄ ရက်နေ့မှစပြီး မြစ်ရေသည် တစ်နာရီလျှင် တစ်ပေနှုန်း ကျဆင်းကာ ၅ ရက်နေ့ ညနေပိုင်း အချိန်တွင် တနင်္သာရီမြစ်ရေသည် ၁၆ ပေသာ ကျန်တော့သည်ဟု ကယ်ဆယ်ရေးစခန်း အချို့ထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တနင်္သာရီမြစ် ရေစီးသန်ခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ၁၀ ရက်ခန့် နေထိုင်ရမည်ဟု ခန့်မှန်းထားသော်လည်း ရေကျမြန်သဖြင့် ငါးရက်ခန့်သာ နေရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“အရင်နှစ်ရေကြီးတုန်းက ကယ်ဆယ်ရေးစခန်းမှာ ခုနစ်ရက်လောက် နေခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာဌာနများက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည့် လိုအပ် ပစ္စည်း များကို ငါးရက်စာ ပေးဝေထားသည်ဟု မြို့ခံအချို့က ပြောပြသည်။ တနင်္သာရီမြို့ သည် နှစ်စဉ် နှစ်တိုင်းနီးပါး မြစ်ရေကြီးလေ့ ရှိသည်။
Dawei Watch
The Voice Weekly

No comments:

Post a Comment