Thursday 8 August 2013

ကား ၀ယ်ယူရန်ပေးအပ် ထားသည့်ဒေါ်လာငွေ များအား လိမ်လည် ရယူထား သဖြင့် အရေး ယူပေးရန် တိုင်ကြား

၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည် ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား Mr.Choi Chung Hyun နှင့် အကျိုးတူ အဆောင်ငှားရမ်းသည့် လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ် ၀ယ်ယူ
ရန် တိုင်ပင်ပြီးနောက် ၂ဃ/----၊ Mark II ယာဉ်အားဝယ်ယူရန် Mr.Choi Jung Ho မှ ကျသင့်ငွေ အမေရိ ကန်ဒေါ်လာ (၁၄၄၀၀)ကို ငွေအပ်နှံထားသူ Mr. Shin Phyon Ho မှတဆင့် စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ Mr.Choi Chung Hyun ထံသို့ပေးအပ်ခဲ့ကြောင်း၊ ထိုသို့ပေးအပ်ပြီး တစ်လပြည့် သည့်နေ့ အထိ ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လာရောက်ပေးအပ်ခြင်းမရှိသဖြင့် Mr.Choi Chung Hyun အားမေးမြန်းခဲ့ရာ ၃၁.၁၂.၂၀၁၂နေ့တွင် လာရောက်ပေးမည်ဟုပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုခဲ့၍စောင့်ဆိုင်းနေသော်လည်း ယနေ့ထိ လာရောက်ပေးအပ်ခြင်းမရှိသဖြင့်စုံစမ်းခဲ့ရာ အဆိုပါ Mark II ယာဉ်မှာ ၀ယ်ယူထားသည့်ယာဉ် မဟုတ်ဘဲ ငှားရမ်းစီးနင်းနေသည့် ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အမေရိကန်ဒေါ်လာ (၁၄၄၀၀) အားလိမ်လည်ရယူသွားသူ Mr.Choi Chung Hyun အပေါ်အရေးယူပေးပါရန် Mr.Choi Jung Ho မှတိုင်တန်းခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၃၃၀/၂၀၁၃၊
ပုဒ်မ ၄၂၀ ဖြင့် ၇.၈.၂၀၁၃ ရက်နေ့တွင် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment