Wednesday 19 June 2013

ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..

Photo: ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..
၁၉-၆-၂၀၁၃

လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ
ဆန်တင်ပို့မှုကိုမြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO)
ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ထားကြောင်းကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း
့မြင့်တက်နေပြီး ပြည်ပတွင်လည်းဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက်
အနေအထား ထိန်းညှိပေးရန်အတွက် ဆန်တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့်
နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက်
သည် ပြည်ပတင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ်
(၁၅၅၀၀)ခန့်ရှိ ပြီးပြည်တွင်း(၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ
(၄၃၀)ခန့်ရှိကြောင်း သိရသည်။ 

MAPCO ကဆန်တင်ပို့မှုကိုပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။လက်ရှိဆန်ဈေး
သည် နှစ်လအတွင်းကျမည့် အနေအထားမရှိကြောင်း ဆက်လက်မြင့်တက်
ဖို့သာရှိနေပြီးပြန်လည်တင်ပို့လျှင် စပါးပေါ်ချိန်မှသာ ဖြစ်နိုင်ကြောင်း
သိရသည်။ဆန်ဈေးနှစ်လခန့် စောတက်ရသောအကြောင်းကဆန်ကြမ်း
များကို ကားဖြင့် သာမကဧရာဝတီမြစ်ကြောင်းအတိုင်းမန္တလေးသို့
အလုံးအရင်းဆန်တက်ပြီး တရုတ်နယ်စပ်ကိုတင်ပို့ခြင်းကလည်းအချက်
တစ်ချက် အဖြစ်ပါဝင်ကြောင်း၊တစ်ရက်ကိုဆန်အိတ်(၃၀၀၀၀)၊
(၄၀၀၀၀)ကြားတင်ပို့ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ပိတောက်လမ်းရှိ
ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။ ပြီးခဲ့သော
ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုသည် (၄၆)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး
တန်ချိန်(၁ဒသမ၆)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

The SkyNet TV Browser
လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ ဆန်တင်ပို့မှုကိုမြန်မာ့ လယ်ယာ စီး ပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO) ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ ထားကြောင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်နေ ပြီး ပြည်ပ တွင် လည်းဈေး မရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန်အတွက် ဆန် တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့် နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက် သည် ပြည်ပ တင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ် (၁၅၅၀၀) ခန့်ရှိ ပြီးပြည် တွင်း (၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ (၄၃၀)ခန့်ရှိကြောင်း သိရသည်။

MAPCO ကဆန်တင်ပို့မှုကိုပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ရပ်ဆိုင်း ထားခြင်း   ဖြစ်ကြောင်း၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။ လက်ရှိ ဆန်ဈေး သည် နှစ်လ အတွင်းကျမည့် အနေအထားမရှိကြောင်း ဆက်လက်မြင့်တက် ဖို့သာ ရှိနေပြီးပြန်လည် တင်ပို့လျှင် စပါးပေါ်ချိန်မှသာ ဖြစ်နိုင်ကြောင်း သိရသည်။ဆန်ဈေးနှစ်လခန့် စော တက် ရသော အကြောင်းက ဆန်ကြမ်းများကို ကားဖြင့် သာမကဧရာဝတီမြစ်ကြောင်းအတိုင်းမန္တလေးသို့ အလုံးအရင်း ဆန်တက်ပြီး တရုတ်နယ်စပ်ကိုတင်ပို့ခြင်းကလည်း အချက်တစ်ချက် အဖြစ်ပါဝင်ကြောင်း၊ တစ်ရက်ကို ဆန်အိတ်(၃၀၀၀၀)၊ (၄၀၀၀၀)ကြားတင်ပို့ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ပိတောက်လမ်းရှိ ဆန်ရောင်း ၀ယ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။ ပြီးခဲ့သော ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုသည် (၄၆)နှစ်အတွင်း အမြင့်ဆုံးဖြစ်ပြီး တန်ချိန်(၁ဒသမ၆)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

The SkyNet TV Browser

No comments:

Post a Comment