Wednesday 19 June 2013

ဒေသဖွံ့ဖြိုးရေး အတွက် ဖမ်းဆီး ထားသော စက်မှုဇုံ ထုတ်ဂျစ်ကား များ ပြန်လွှတ်ပေး

Photo: ဒေသဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးထားသော စက်မှုဇုံထုတ်ဂျစ်ကားများ ပြန် လွှတ်ပေး

၁၉-၆-၂၀၁၃

ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့် ကားများထဲမှ ကလေးမြို့ စက်မှုဇုံထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေတွင် ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

“၂၀၀၈ ခုနှစ် မူဝါဒအသစ် မချမှတ်ခင် ကလေးမြို့ စက်မှုဇုံက (၅၂)စီး ထုတ်ပြီးခဲ့ပါပြီ။ မူဝါဒအသစ်မှာ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ (MIDC)က အင်ဂျင်ကိုတင်သွင်းတပ်ဆင်မှ လိုင်စင်ရတယ်။ အဲဒီ MIDC ကအင်ဂျင်တွေက (၄၈)သိန်းလောက် ပေးရပြီး နိုးမရတာ မအောင်တာ များတယ်။ အပြင်အင်ဂျင်က (၂၅)သိန်း ၀န်းကျင်ပဲ ရှိပြီး ကောင်း တယ်။ ဒါကြောင့်လည်း လိုင်စင်ရတဲ့ ကားဖြစ်ဖို့ အခက်အခဲတွေ ဖြစ်ကုန် တာပါ။ ဒေသန္တရ အတွက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ အင်ဂျင်တပ်ဆင်ခွင့်နှင့် လိုင်စင်လုပ်ခွင့်ရရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အစစ်အမှန် ဖြစ်ပါလိမ့်မယ်။ အခုလို မိုးရာသီမှာ ချင်းတောင်ပေါ် လမ်းတွေကို ကျွန်တော်တို့ စက်မှုဇုံထုတ်တဲ့ ဒီကားတွေပဲ အဆင်ပြေတာပါ။

အခု ကားတွေကလည်း ချင်းတောင်ပေါ် ပြေးဆွဲနေတဲ့ ကားတွေပါ။ အခုလို အဖမ်းအဆီးတွေဖြစ်တော့ ချင်းတောင်ပေါ်ကိုပို့မယ့်ကုန်တေ မပို့နိုင်တော့ဘူး။ တန်ဆာခနှင့် ခရီးသည်တင်ခတွေကလည်း အခုဆို နှစ်ဆလောက် တက်ကုန်တယ်။ ကြာရင်တော့ ချင်းတောင်မှာ ရိက္ခာတောင်ပြတ်နိုင်တယ်”ဟု စက်မှုဇုံ ကော်မတီအဖွဲ့ဝင် ဦးဆန်းမင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဧပြီလ(၁၈)ရက်တွင် ပြောင်းလဲခဲ့ သောမူဝါဒအရ တရားဝင်တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားခဲ့ခြင်း မရှိခြင်းကြောင့် လိုင်စင်ရရှိရေး ခက်ခဲခဲ့သော ကားများဖြစ်ကြောင်း၊ ကလေးစက်မှုဇုံထုတ်ကားများ ဖြစ်သော်လည်း မော်တော်ယာဉ် နည်းဥပဒေအရ အထောက်အထား မရှိဘဲ လမ်းမကြီးများပေါ် တွင် မောင်းနှင် ကုန်တင်သွားလာခြင်း၊ ခရီးသည်တင်ဆောင်ခြင်းများရှိ၍ အပြစ်ရှိကြောင်းကို ရိုးသားစွာ ၀န်ခံခဲ့ကြောင်း၊ ပြန်လွှတ်ပေး သည့် မော်တော်ယာဉ် ရှစ်စီးတွင် လေးစီးမှာ တရားဝင် တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားကြောင်း၊ စက်မှုဇုံဖွံ့ဖြိုးတိုး တက်ရေး ကော်မတီမှ အတည်ပြုထားသော ပုံစံ(Drawing)နှင့်အညီ ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်ကြောင်းနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသောချင်းတောင်ဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန် ဒေသများတွင် အဓိကထား အသုံးပြုနေ ရသော မော်တော်ယာဉ်များဖြစ်၍ ပြန်လွှတ်ပေးရန် စက်မှုဇုံကော်မတီမှ
ဒုရဲချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့်ကားများထဲမှ ကလေးမြို့စက်မှုဇုံ ထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေ တွင် ပြန် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

“၂၀၀၈ ခုနှစ် မူဝါဒအသစ် မချမှတ်ခင် ကလေးမြို့ စက်မှုဇုံက (၅၂)စီး ထုတ်ပြီးခဲ့ပါပြီ။ မူဝါဒအသစ် မှာ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ (MIDC)က အင်ဂျင်ကိုတင်သွင်းတပ်ဆင်မှ လိုင်စင်ရ တယ်။ အဲဒီ MIDC ကအင်ဂျင်တွေက (၄၈)သိန်းလောက် ပေးရပြီး နိုးမရတာ မအောင်တာများတယ်။ အပြင်အင်ဂျင်က (၂၅)သိန်း ၀န်းကျင်ပဲ ရှိပြီး ကောင်းတယ်။ ဒါကြောင့်လည်း လိုင်စင်ရတဲ့ ကားဖြစ်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တာပါ။ ဒေသန္တရ အတွက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ အင်ဂျင်တပ်ဆင်ခွင့်နှင့် လိုင်စင်လုပ်ခွင့်ရရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အစစ်အမှန် ဖြစ်ပါလိမ့်မယ်။ အခုလို မိုးရာသီမှာ ချင်းတောင်ပေါ် လမ်းတွေကို ကျွန်တော်တို့ စက်မှုဇုံထုတ်တဲ့ ဒီကားတွေပဲ အဆင်ပြေတာပါ။

အခု ကားတွေကလည်း ချင်းတောင်ပေါ် ပြေးဆွဲနေတဲ့ ကားတွေပါ။ အခုလို အဖမ်းအဆီးတွေဖြစ်တော့ ချင်းတောင်ပေါ်ကိုပို့မယ့်ကုန်တေ မပို့နိုင်တော့ဘူး။ တန်ဆာခနှင့် ခရီးသည်တင်ခတွေကလည်း အခုဆို နှစ်ဆလောက် တက်ကုန်တယ်။ ကြာရင်တော့ ချင်းတောင်မှာ ရိက္ခာတောင်ပြတ်နိုင်တယ်”ဟု စက်မှုဇုံ ကော်မတီအဖွဲ့ဝင် ဦးဆန်းမင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဧပြီလ(၁၈)ရက်တွင် ပြောင်းလဲခဲ့ သောမူဝါဒအရ တရားဝင်တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားခဲ့ခြင်း မရှိခြင်းကြောင့် လိုင်စင်ရရှိရေး ခက်ခဲခဲ့သော ကားများဖြစ်ကြောင်း၊ ကလေးစက်မှုဇုံထုတ်ကားများ ဖြစ်သော်လည်း မော်တော်ယာဉ် နည်းဥပဒေအရ အထောက်အထား မရှိဘဲ လမ်းမကြီးများပေါ်တွင် မောင်းနှင် ကုန်တင်သွားလာခြင်း၊ ခရီးသည်တင်ဆောင်ခြင်းများရှိ၍ အပြစ်ရှိကြောင်းကို ရိုးသားစွာ ၀န်ခံခဲ့ကြောင်း၊ ပြန်လွှတ်ပေးသည့် မော်တော်ယာဉ် ရှစ်စီးတွင် လေးစီးမှာ တရားဝင် တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားကြောင်း၊ စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတည်ပြုထားသော ပုံစံ(Drawing)နှင့်အညီ ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်ကြောင်းနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသောချင်းတောင်ဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန် ဒေသများတွင် အဓိကထား အသုံးပြုနေ ရသော မော်တော်ယာဉ် များဖြစ် ၍ ပြန်လွှတ်ပေးရန် စက်မှုဇုံကော်မတီမှ ဒုရဲချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

No comments:

Post a Comment