Monday 6 May 2013

ရာဖေးလ် အနီကတ် ထိချိန်တွင် ပြုံးနေခဲ့သည့် လုဇ်ကို ဖာဂူဆန် ဝေဖန်

ရာဖေးလ် အနီကတ် ထိချိန်တွင် ပြုံးနေခဲ့သည့် လုဇ်ကို ဖာဂူဆန် ဝေဖန်


ရာဖေးလ် ဒါဆေးလ်ဗား အနီကတ် ထိချိန်တွင် ပြုံးရယ်နေသည့် ဒေးဗစ်လုဇ်၏ လုပ်ရပ်အပေါ် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။


အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူနှင့် ချယ်လ်ဆီးတို့ ရင်ဆိုင် ကစားခဲ့သည့် ပွဲစဉ် ပြီးခါနီး၌ လုဇ်က တံတောင်ဖြင့် ထောက်ထားသည်ကို မန်ယူ ခံစစ်မှူး ရာဖေးလ်က ဥပဒေပ တုံ့ပြန်ကာ ဖြတ်ကန်ခဲ့သည့်နောက် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်က ရာဖေးလ်ကို တိုက်ရိုက် အနီကတ် ပြသခဲ့သည်။ သို့သော်လည်း မြေကြီးပေါ် လဲကျနေသည့် လုဇ်သည် နာကျင်နေဟန် မရှိဘဲ သရော်တော်တော် ပြုံးရယ်နေခဲ့သည်ကို ရုပ်မြင်သံကြား မှတ်တမ်းများက ရိုက်ယူပြခဲ့ပြီး ဖာဂူဆန်က လုဇ်သည် ထိခိုက်ချိန်တွင် သေခါနီး ဘဲငန်း တစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း ဝေဖန် သွားခဲ့သည်။


ဖာဂူဆန်က "ရာဖေးလ်က လက်တုံ့ပြန်လိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်နေပုံကို ကြည့်ပါဦး။ လုဇ်က သေခါနီး ငန်းတစ်ကောင်လို လူးလှိမ့်နေတယ်။ ဒီအချက်ကို ဒိုင်က အလေးအနက် တွေးလိုက်မိမှာပဲ။ ပြီးတော့ လုဇ်က ပြုံးနေတယ်။ ဒါက ဆိုးလွန်းတယ်။ ဒီလုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် ပီသမှုဆိုတာ ဘယ်လို အမျိုးအစားလဲ။ ခုလို လူးလှိမ့်နေတာမျိုးကို ဥရောပနဲ့ နိုင်ငံရပ်ခြားက၊ တောင်အမေရိက ဒေသက ကစားသမားတွေဆီမှာ တွေ့ဖူးပါတယ်။ ဒါမျိုး အမြဲတမ်းတွေ ဖြစ်နေမှာပဲ။ ဆွကစားမှုကို တုံ့ပြန်တဲ့ ကစားသမားတွေ ကျပြန်တော့ ဆိုးရွားတဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရတယ်လေ"ဟု ဝေဖန်ခဲ့သည်။


၎င်းက ဆက်လက်၍ "ဖြစ်ရပ်မှာ လုဇ်က ရာဖေးလ်ကို တံတောင်နဲ့ နှစ်ကြိမ် တိုက်ခဲ့တာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်တယ်။ ရာဖေးလ်ဟာ လူငယ်လေး တစ်ယောက်ပဲ ရှိသေးတယ်။ သူဟာ ပိုကောင်းတဲ့ အသိ ရှိသင့်တာကို လက်ခံပါတယ်။ ဒိုင်က ဖြစ်စဉ်ကို အပြည့်အဝ မမြင်နိုင်ပါဘူး။ သူမြင်တာကတော့ လုဇ်က လူးလှိမ့်နေတာပဲ။ ဒီအချက်ကတင် ရာဖေးလ်အတွက် အနီကတ် ဖြစ်သွားဖို့ ထိုက်တန်နေပြီလေ"ဟုလည်း ပြောကြားသွားသည်။ 

Ref : http://www.soccermyanmar.com

ရာဖေးလ် ဒါဆေးလ်ဗား အနီကတ် ထိချိန်တွင် ပြုံးရယ်နေသည့် ဒေးဗစ်လုဇ်၏ လုပ်ရပ်အပေါ် မန်ချက် စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။


အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူနှင့်ချယ်လ်ဆီးတို့ ရင်ဆိုင်ကစားခဲ့သည့် ပွဲစဉ်ပြီးခါနီး၌ လုဇ်က တံတောင်ဖြင့် ထောက်ထားသည်ကို မန်ယူခံစစ်မှူးရာဖေးလ်က ဥပဒေပတုံ့ပြန်ကာ ဖြတ်ကန်ခဲ့ သည့်နောက် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်က ရာဖေးလ်ကို တိုက်ရိုက် အနီကတ် ပြသခဲ့သည်။ သို့သော် လည်း မြေကြီးပေါ် လဲကျနေသည့် လုဇ်သည် နာကျင်နေဟန် မရှိဘဲ သရော်တော်တော် ပြုံးရယ်နေခဲ့ သည်ကို ရုပ်မြင်သံကြား မှတ်တမ်းများက ရိုက်ယူပြခဲ့ပြီး ဖာဂူဆန်က လုဇ်သည် ထိခိုက်ချိန်တွင် သေခါနီး ဘဲငန်း တစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း ဝေဖန် သွားခဲ့သည်။


ဖာဂူဆန်က "ရာဖေးလ်ကလက်တုံ့ပြန်လိုက်တာမှန်ပါတယ်။ ဒါပေမဲ့ ဖြစ်နေပုံကိုကြည့်ပါဦး။ လုဇ်က သေခါနီး ငန်းတစ်ကောင်လို လူးလှိမ့်နေတယ်။ ဒီအချက်ကို ဒိုင်က အလေးအနက် တွေးလိုက် မိမှာပဲ။ ပြီးတော့ လုဇ်က ပြုံးနေတယ်။ ဒါက ဆိုးလွန်းတယ်။ ဒီလုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် ပီသမှုဆိုတာ ဘယ်လို အမျိုးအစားလဲ။ ခုလို လူးလှိမ့်နေတာမျိုးကို ဥရောပနဲ့ နိုင်ငံရပ်ခြားက၊ တောင်အမေရိက ဒေသက ကစားသမားတွေဆီမှာ တွေ့ဖူးပါတယ်။ ဒါမျိုး အမြဲတမ်းတွေ ဖြစ်နေမှာပဲ။ ဆွကစားမှုကို တုံ့ပြန်တဲ့ ကစားသမားတွေ ကျပြန်တော့ ဆိုးရွားတဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရတယ်လေ"ဟု ဝေဖန်ခဲ့သည်။


၎င်းက ဆက်လက်၍ "ဖြစ်ရပ်မှာ လုဇ်က ရာဖေးလ်ကို တံတောင်နဲ့ နှစ်ကြိမ် တိုက်ခဲ့တာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်တယ်။ ရာဖေးလ်ဟာ လူငယ်လေး တစ်ယောက်ပဲ ရှိသေးတယ်။ သူဟာ ပိုကောင်းတဲ့ အသိ ရှိသင့်တာကို လက်ခံပါတယ်။ ဒိုင်က ဖြစ်စဉ်ကို အပြည့်အဝ မမြင်နိုင်ပါဘူး။ သူမြင်တာကတော့ လုဇ်က လူးလှိမ့်နေတာပဲ။ ဒီအချက်ကတင် ရာဖေးလ်အတွက် အနီကတ် ဖြစ်သွားဖို့ ထိုက်တန်နေပြီလေ"ဟုလည်း ပြောကြားသွားသည်။
From...Yatanarpon Call Center

No comments:

Post a Comment