Monday 6 May 2013

မတ်လထက်ဧပြီလတွင် ယာဉ်တိုက်မှုများပိုမိုဖြစ်ပွားခဲ့

နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မတ်လထက်ဧပြီလတွင် ယာဉ်တိုက်မှုပိုမိုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 
မတ်လအတွင်းတွင်ယာဉ်(၁၁၇၁)ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံ(၁၂၇၀)ဦး၊ ယာဉ်တိုက်မှုကြောင့်(၃၃၅)ဦး ၊သေဆုံးသူ(၃၃၃)ဦးနှင့်တိုက်မှု ဒဏ်ရာ ရသူဆုံးရှုံးမှု တန်ဖိုးအနေဖြင့် (၁၈၃၇)သိန်း (၃၇၀၀၀) ကျပ် ရှိခဲ့
ကြောင်း သိရသည်။ ဧပြီလအတွင်းတွင်(၁၃၄၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံ(၁,၄၈၆)ဦး၊ ယာဉ်တိုက် မှုကြောင့် ဒဏ်ရာရသူ (၂၆၉၈)ဦး ၊ သေဆုံး သူ(၃၈၉)နှင့်ဆုံးရှုံးမှုတန်ဖိုး(၁၇၆၂)သိန်း(၄၃၀၀၀)ကျပ် ရှိခဲ့ပြီးမတ်လထက်ဧပြီလတွင် ယာဉ်တိုက်မှု(၁၇၅)ကြိမ်ပိုမိုဖြစ်ပွားခဲ့ပြီး တရားခံ (၂၁၆)ဦး၊ ယာဉ်တိုက် မှုကြောင့် ဒဏ်ရာရရှိသူ(၃၆၃)ဦးနှင့် သေဆုံးသူ(၅၆)ဦး ထိပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆုံးရှုံးမှု  တန်ဖိုးမှာမေလထက်(၇၄)သိန်း (၉၄၀၀၀)ကျပ်လျော့နည်းခဲ့ကြောင်း သတင်း  ရရှိသည်။

Myawady News

No comments:

Post a Comment