Monday 6 May 2013

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူတစ်ဦးသည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကိုအသုံးပြု၍ ၎င်းနှင့်အတူဗုံးခွဲမည့်သူများကို စုဆောင်းခဲ့ကြောင်း သိရသည်။
“ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့ နာမည်အချို့ကို ခြေရာခံနိုင်ခဲ့တာပါ”ဟု Densus 88 ဟု ခေါ်ဆိုသောအမျိုးသားရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ဂျကာတာဂလိုဘ် သတင်းစာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ်အမည်များကို စုံ ထောက်များက ဆက်လက်ခြေရာ ခံ နေသောကြောင့် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏ နာမည်များထုတ်ဖော်ပြောကြားရန် သတင်း ရင်းမြစ် က ငြင်းပယ်သည်။

ဖေ့စ်ဘွတ်ခ်စာရင်းအချို့တွင် ပါဝင်သော အကြောင်းအရာများကို နက်နက်နဲနဲ ပိုင်းခြားစိတ်ဖြာလေ့လာရာမှ ယခုကိစ္စကို ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး အင်တာနက်လမ်းကြောင်းများကိုလည်း ရှာဖွေနိုင်ခဲ့ကြောင်း အဆိုပါရဲ အရာရှိက ပြောသည်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားနှစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးခွဲရန်ကြံစည် အမှုအစီအစဉ်နောက်ကွယ်မှ အဓိကကြိုးကိုင်သူဟု ရဲတပ်ဖွဲ့ကဖော်ထုတ်ထားသူ အင်ဒရာဂစ်မှာ မူ လွတ်မြောက်နေဆဲဖြစ်သည်။

မသင်္ကာသူ အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲရန် စီစဉ်ထားခြင်းမဟုတ်ဘဲ ချိန်ကိုက်ဗုံး များဖြင့် ဖောက်ခွဲရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုဂျကာတာဂလုဘ်သတင်းရင်းမြစ်က ပြောကြားသည်။
—Ref: Jakata Globe
From....7Day News Journal

No comments:

Post a Comment