Monday 1 April 2013

မန်ယူသည် အကောင်းဆုံးအသင်းဟု ဂျွန်အိုရှေး မှတ်ချက်ပြု


Photo: မန်ယူသည် အကောင်းဆုံးအသင်းဟု ဂျွန်အိုရှေး မှတ်ချက်ပြု
Monday, April 1, 2013

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ် ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိ မန်ယူက ပိုမို တောင့်တင်း
ကြောင်း သုံးသပ်ခဲ့သည်။ 

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းသည် မိမိ သိရှိဖူးသမျှ အကောင်းဆုံးသော အသင်းတစ်ခုဖြစ်ကြောင်း ဆန်းဒါးလန်း နောက်
ခံလူ ဂျွန်အိုရှေးက မှတ်ချက်ပြု ပြောကြားလိုက်သည်။ 

မန်ယူသည် ဆန်းဒါးလန်း၏ အိမ်ကွင်းဖြစ်သော စတေဒီယမ်အော့ဖ်လိုက်
တွင် (၁-၀)ဖြင့် အနိုင် ကစားခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်ရန် တစ်စထက်တစ်စ နီးစပ်လာပြီ ဖြစ်သည်။ 

အဆိုပါပွဲ အနိုင်ရလဒ်ကြောင့် မန်ယူသည် ပရီးမီးယားလိဂ် ရာသီသိမ်းရန် (၈)ပွဲအလိုတွင် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို (၁၅)မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်သည်။ 

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ် ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိ မန်ယူက ပိုမို တောင့်
တင်းကြောင်း သုံးသပ်ခဲ့သည်။

(၂၀၁၁)ခုနှစ်၊ နွေရာသီက ဆန်းဒါးလန်းသို့ ရောက်ရှိခဲ့သည့် အိုင်ယာလန် ကစားသမားက "မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနေနဲ့ ကံကောင်းပါ
တယ်။ သူဟာ အကောင်းဆုံး အသင်းတစ်ခုကို စုဖွဲ့နိုင်ခဲ့သလို စိတ်ကြိုက် ကစားသမားတွေကိုလည်း ရွေးချယ် သုံးစွဲနိုင်တယ်လေ။ 

လက်ရှိ အသင်းစုဖွဲ့မှုဟာ အကောင်းဆုံး ဖြစ်နေတယ် ဆိုတာ သံသယ မရှိပါဘူး။ သူတို့ဟာ FAဖလား ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ချယ်လ်ဆီးကို ပွဲကျပ် ကစားရပါမယ်။ ဒါပေမဲ့ လက်ရှိ အင်အားစုအရ သူတို့ဟာ ဘယ်လို အခက်အခဲကိုမဆို ဖြတ်ကျော်နိုင်စွမ်း ရှိမှာပါ"ဟု ပြောကြားခဲ့သည်။

ဖာဂူဆန်က ဆန်းဒါးလန်းကို စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ခြင်းက အသင်းအတွက် ပွဲပန်းမှုကို လျှော့ချနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့သည်။ "ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ မိနစ်(၂၀)ကျော်လောက်မှာ ဦးဆောင်ခွင့် ရလိုက်တော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ရ လွယ်
သွားတယ်။ 

အသင်းမှာ ပွဲပန်းမှုတချို့ ရှိနေပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို
့ ဘောလုံးပိုင်ဆိုင်မှုကို အပြတ်အသတ် အသာစီး ယူထားနိုင်ခဲ့ပါ
တယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အသာရမှု ဆုံးရှုံးလာတာက 
ကစားသမားတွေ နွမ်းနယ်ထားတာကြောင့်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က ပြောဆိုသွားခဲ့သည်။

Source: DailyMail
Planet Myanmar Network

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ်ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိမန်ယူက ပိုမို တောင့် တင်းကြောင်း သုံးသပ်ခဲ့သည်။
လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းသည် မိမိ သိရှိဖူးသမျှ အကောင်းဆုံးသော အသင်း တစ်ခုဖြစ်ကြောင်း ဆန်းဒါးလန်း နောက်ခံလူ ဂျွန်အိုရှေးက မှတ်ချက်ပြု ပြောကြားလိုက်သည်။

မန်ယူသည် ဆန်းဒါးလန်း၏ အိမ်ကွင်းဖြစ်သော စတေဒီယမ်အော့ဖ်လိုက်တွင် (၁-၀)ဖြင့် အနိုင်ကစားခဲ့ သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုသိမ်းပိုက်ရန် တစ်စထက်တစ်စ နီးစပ် လာပြီ ဖြစ်သည်။

အဆိုပါပွဲ အနိုင်ရလဒ်ကြောင့် မန်ယူသည် ပရီးမီးယားလိဂ်ရာသီသိမ်းရန် (၈)ပွဲအလိုတွင် လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးကို (၁၅)မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်သည်။

မန်ယူတွင်ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ် ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိမန်ယူက ပိုမို တောင့် တင်းကြောင်း သုံးသပ်ခဲ့သည်။

(၂၀၁၁)ခုနှစ်၊ နွေရာသီက ဆန်းဒါးလန်းသို့ ရောက်ရှိခဲ့သည့် အိုင်ယာလန် ကစားသမားက "မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနေနဲ့ ကံကောင်းပါတယ်။ သူဟာ အကောင်းဆုံး အသင်းတစ်ခုကို စုဖွဲ့နိုင်ခဲ့သလို စိတ်ကြိုက် ကစားသမားတွေကိုလည်း ရွေးချယ် သုံးစွဲနိုင်တယ်လေ။

လက်ရှိ အသင်းစုဖွဲ့မှုဟာ အကောင်းဆုံး ဖြစ်နေတယ်ဆိုတာ သံသယမရှိပါဘူး။ သူတို့ဟာ FAဖလား ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ချယ်လ်ဆီးကို ပွဲကျပ်ကစားရပါမယ်။ ဒါပေမဲ့ လက်ရှိအင်အားစုအရ သူတို့ဟာ ဘယ်လို အခက်အခဲကိုမဆို ဖြတ်ကျော်နိုင်စွမ်း ရှိမှာပါ"ဟု ပြောကြားခဲ့သည်။

ဖာဂူဆန်က ဆန်းဒါးလန်းကို စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ခြင်းက အသင်းအတွက် ပွဲပန်းမှုကို လျှော့ချနိုင် ခဲ့ကြောင်း သုံးသပ်ခဲ့သည်။ "ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ မိနစ်(၂၀)ကျော်လောက်မှာ ဦးဆောင်ခွင့် ရလိုက်တော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ရ လွယ်သွားတယ်။

အသင်းမှာ ပွဲပန်းမှုတချို့ ရှိနေပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုကို အပြတ်အသတ် အသာစီးယူထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အသာရမှု ဆုံးရှုံးလာတာက ကစားသမားတွေ နွမ်းနယ်ထားတာကြောင့်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က ပြောဆိုသွားခဲ့သည်။

Source: DailyMail
Planet Myanmar Network

No comments:

Post a Comment