Monday 1 April 2013

စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီ တန်ကင်ယမ်း၏ ကိုယ်ရေး အကျဉ်း



စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း၏ ကိုယ်ရေး အကျဉ်း
၁။ ဒေါက်တာ တိုနီတန်ကင်ယမ်းကို ၁၉၄ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စင်ကာပူ နိုင်ငံ၌ မွေးဖွား ခဲ့သည်။ သူသည် ငယ်စဉ်က စိန့်ပီတာပတ်ခ် ကျောင်းနှင့် စိန့်ဂျိုးဇက် တက္ကသိုလ်တို့တွင် ပညာသင်ကြား

ခဲ့သည်။ ဒေါက်တာတန်သည် ၁၉၆၂ ခုနှစ်တွင် စင်ကာပူတက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီး Massachusetts နည်းပညာ တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့ရာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ၄င်းသည် Adelaide တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

၂။ ဒေါက်တာတန်သည် မဟာသိပ္ပံဘွဲ့ရရှိပြီးနောက် ၁၉၆၄ ခုနှစ်တွင် စင်ကာပူ တက္ကသိုလ် ရူပဗေဒဌာနတွင် ကထိက အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၄င်းသည် ၁၉၆၇ ခုနှစ် တွင် ဒေါက်တာဘွဲ့ရရှိပြီးနောက် သင်္ချာဌာန၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် တက္ကသိုလ်မှ အလုပ် ထွက်ခဲ့ပြီးနောက် Overseas Chinese Banking Cooperation (OCBC) ဘဏ်သို့ ဝင်ရောက်၍ တာဝန် ထမ်းဆောင် ခဲ့သည်။ သူသည် ၁၉၇၉ ခုနှစ်တွင် နိုင်ငံရေး လောကသို့ ဝင်ရောက်ရန် ဘဏ်အလုပ်မှ ထွက်ခဲ့ သည်။
၃။ ၁၉၇၉ ခုနှစ်တွင် ဒေါက်တာတန်သည် ပါလီမန်အဖွဲ့တွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ပညာရေးဝန်ကြီးဌာန၊ ဝါရင့် ဒုတိယ ပညာရေး ဝန်ကြီး အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈ဝ ပြည့်နှစ် ဇွန်လတွင် ပညာရေး ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံခဲ့ရပြီး တစ်ပြိုင်တည်း မှာပင် စင်ကာပူ အမျိုးသား တက္ကသိုလ်ဒုတိယ အကြီးအကဲ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ တစ်နှစ်ခန့်အကြာ တွင် ဒေါက်တာ တန်ကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အဖြစ် တာဝန် ပေးအပ်ခဲ့သည်။ ၁၉၈၃ ခုနှစ် အောက်တိုဘာလမှ ၁၉၈၅ ခုနှစ် ဇန်နဝါရီလအထိ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် လည်းကောင်း ပူးတွဲ တာဝန် ပေး အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၅ ခုနှစ် ဇန်နဝါရီလမှ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ အထိ ပညာရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။
၎။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါက်တာ တန်သည် အစိုးရ ဝန်ကြီး အဖွဲ့မှ နုတ်ထွက်၍ OCBC ၏ အလုပ် အမှုဆောင်အဖွဲ့ အကြီးအကဲနှင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပုဂ္ဂလိကအလုပ်ကို ပြန်လည် လုပ်ဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ် သြဂုတ်လတွင် အစိုးရအဖွဲ့သို့ ပြန် လည် ဝင်ရောက်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက် ခဲ့သည်။၂ဝဝ၃ ခုနှစ် သြဂုတ်လတွင် ဒေါက်တာတန်သည် ကာကွယ်ရေးနှင့် လုံခြုံရေး ညှိနှိုင်းရေး ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၅။ ဒေါက်တာတန်သည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် အစိုးရအဖွဲ့မှ အနားယူခဲ့ပြီး စင်ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုပုဂ္ဂလိက လီမိတက် (GIC) ၏ အလုပ် အမှုဆောင် ညွှန်ကြားရေး မှူးနှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အမျိုးသားသုတေသန ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် လည်းကောင်း ၊ သုတေသန၊ တီထွင်မှု၊ ဆန်းသစ်မှု လုပ်ငန်း ကောင်စီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စင်ကာပူ ပုံနှိပ်လုပ်ငန်း လီမိတက် (SPH) ဥက္ကဋ္ဌ အဖြစ်လည်းကောင်း အသီးသီး တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
၆။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် ၎င်းသည် သမ္မတ ရွေးကောက်ပွဲ ဝင်ရန်  GIC နှင့် SPHတို့မှ နုတ်ထွက်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ်ခြင်း ခံရပြီး ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စင်ကာပူ သမ္မတ နိုင်ငံ၏ သတ္တမမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
၇။ ဒေါက်တာတန်သည် ၁၉၆၄ ခုနှစ်တွင် မစ္စစ် မေရီတန်နှင့် လက်ထပ်ခဲ့သည်။ မိသားစုတွင် သားသုံးဦးနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီး လက်ရှိတွင် မြေးငါးဦး ရှိသည်။
သမ္မတ၏ ဇနီး မစ္စစ် မေရီတန်၏ ကိုယ်ရေး အကျဉ်း
စင်ကာပူ သမ္မတနိုင်ငံသမ္မတ ဒေါက်တာတိုနီတန် ကင်ယမ်း၏ဇနီး မစ္စစ်မေရီတန်ကို ၁၉၄ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် စင်ကာပူ နိုင်ငံ၌ မွေးဖွားခဲ့သည်။ သူမသည် ၁၉၆၂ ခုနှစ်တွင် စင်ကာပူ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ပညာရေးဒီပလိုမာဘွဲ့ရ ရှိခဲ့သည်။ သူမသည် အလယ်တန်းပြ ဆရာမတာဝန် ထမ်းဆောင် ခဲ့ပြီးနောက် အလုပ်မှအနားယူကာ အိမ်ရှင်မ တစ်ဦးအဖြစ် နေထိုင်ခဲ့သည်။
မစ္စစ် မေရီတန်သည် စာဖတ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ယဉ်ကျေးမှုကပွဲများနှင့် ပြဇာတ်များ ကြည့်ရှုခြင်းကို နှစ်သက်သည်။
From...မြ၀တီ 

No comments:

Post a Comment