Tuesday 2 April 2013

"မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ မီးလောင်မှုဖြစ်ပွား"



၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှုယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာပျောက်ဆုံးနေကြောင်း ဗလီမှာစာသင်ကျောင်းနှင့် တွဲဖက် ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ်ဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ် မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

From.....Popular Myanmar News Journal
ရဲဇာနည်

No comments:

Post a Comment