Wednesday 10 April 2013

မိုဘိုင်းလ်ဖုန်း တစ်လုံး၏ လျှို့ဝှက်ချက်များ

အိုင်တီမင်းဝေ
မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုဟာ မိုဘိုင်းလ်ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုလျှို့ဝှက်ချက် တွေကို သိရှိသူတွေ အလွန် နည်းပါးပါတယ်။ မိုဘိုင်းလ်ဖုန်း ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးကို ဖုန်းဆက်ရုံ အပြင် အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိ တာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီးအသုံးဝင်မှုနဲ့ လျှို့ဝှက်ချက်အနည်းငယ် ကို ဖော်ပြ ပေးလိုက်ပါတယ်။
အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထားရင်တောင် မိုဘိုင်းလ် ဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရပါတယ်။ ဒီနံပါတ် ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်း ခလုတ်တွေရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိရင် ဒီနံပါတ် ကို နှိပ်လိုက် တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။
ဒီနံပါတ်ဟာ မိုဘိုင်းလ်ဖုန်းရဲ့ ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
ဘက်ထရီ အရေးပေါ် အားကုန်ရင်၊ မိုဘိုင်းလ် ဖုန်းတွေမှာ အသုံးပြုရင်း ဘက်ထရီ အားနည်းလာပြီ ဆိုရင် *3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ် သုံးဖို့ ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက် အားပြန်ပြည့် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက် တစ်ကြိမ် မိုဘိုင်းလ် ဖုန်းဘက်ထရီ အားဖြည့်တဲ့ အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဘက်ထရီ အားကို အလို အလျောက် အားပြန်ဖြည့် မှာ ဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစု အတွက် အသုံး ဝင်စေမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
ကားသော့ ကျန်ခဲ့ရင် အဝေးထိန်းစနစ် တပ်ဆင်ထားတဲ့ ကားအသုံးပြုသူတွေ အတွက် ကားထဲမှာ သော့ ကျန်ခဲ့ခြင်း၊ အပို သော့တစ်ချောင်း အိမ်မှာ ကျန်ရှိနေခြင်း ဖြစ်ပေါ် ကြုံတွေ့ လာပါက မိုဘိုင်းလ် ဖုန်းတစ်လုံး ရှိရုံနဲ့ အဆင်ပြေတာကို တွေ့ရမှာပါ။ အသုံးပြုပုံ ကတော့ အိမ်မှာရှိတဲ့ လူတစ်ယောက် ဖုန်းကို မိမိ မိုဘိုင်းလ်ဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်ကလူနဲ့ အဆက်အသွယ် ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီး နှိပ်ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွား မှာ ဖြစ်ပါ တယ်။ မိမိရဲ့ ဖုန်း ကိုတော့ ကားနားမှာထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက်ပင်ပန်းမှု မရှိစေဘဲ အဆင်ပြေ စေ မယ့် နည်းလမ်း တစ်ခုဖြစ်ပါတယ်။
မိမိရဲ့ မိုဘိုင်းလ်ဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခဲ့ခြင်းနဲ့ အခိုးခံရခြင်း အစရှိတဲ့အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံး သွားလို့ ပြန် မရနိုင်တော့ဘူး ဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီးပစ်လို့ ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06# ကို နှိပ်ပါ။ အဲဒီအခါမှာ ဂဏန်း ၁၅ လုံး ပေါ်လာ မှာ ဖြစ်ပါတယ်။ အဲဒီ ဂဏန်းတွေဟာ မိမိဖုန်းရဲ့ သီးသန့် နံပါတ်တွေပါ။ ဒီ ဂဏန်းတွေကို ပထမဆုံး သိရှိထားဖို့ လိုအပ်မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ တစ်နေ့မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဖုန်းဆက် ကုတ်နံပါတ် ပြောပြီး ဖုန်းပိတ်ခိုင်း နိုင်ပါတယ်။ တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ် ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာ ဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူ မသိအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မိုဘိုင်းလ် ဖုန်းတွေရဲ့ ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှု မရှိကြပါဘူး။
ဒါပေမဲ့ Nokia ဖုန်း အသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက် ပါတယ်။ ကုတ်နံပါတ် တွေ အနေနဲ့ IMEI (International Mobile Equipment Identity)ကို ကြည့်မယ် ဆိုရင်တော့ *#06# ကို နှိပ်ပြီးကြည့်ရှု နိုင်ပါတယ်။ LCD Display ကို ပိုပြီး ရှင်းလင်း ပြတ် သားစွာ မြင် ချင်တယ်ဆိုရင် *67705646# ကို နှိပ်ပြီး ကြည့်ရှု နိုင်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက် ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ် ဆိုရင်တော့ *#0000# ကို နှိပ်ပြီး ကြည့်နိုင် ပါတယ်။ Bluetooth device တွေရဲ့ တည်နေရာကို ကြည့်ချင်တယ် ဆိုရင် *#2820# ကို နှိပ်ပြီး ကြည့်နိုင် ပါတယ်။ ဖုန်းရဲ့ ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း Lifetime ကို သိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ် နိုင်ပါတယ်။ မှတ်သားထားတဲ့ ဖုန်းနံပါတ် များကို ဖျက်ချင် ပါက *#3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Serial 60 ဖုန်းတွေ အတွက်ကတော့ *#7370925338# ကို နှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်း ပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်း ပြန်ပွင့် သွားမှာပါ။ မကြာမီ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Simcard များ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ဒီအခါမှာ မိုဘိုင်းလ် ဖုန်းကို ပြည်သူ အတော်များများ အသုံး ပြုကြတော့မှာပါ။ မိုဘိုင်းလ် ဖုန်းတစ်လုံးကို အသုံးပြုပြီး မိမိရဲ့ အရေးကိစ္စ ပေါင်းစုံကို အဆင်ပြေ လွယ်ကူစွာ ဆက်သွယ် စီမံ ဖြေရှင်းနိုင် ဖို့နဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးပြု နိုင်စေရေး မျှဝေအသိပေး ရေးသားလိုက်ရပါတယ်။       ။
From...မြ၀တီ

No comments:

Post a Comment